Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မိုးရာသီကာလ သစ်ပင်များစိုက်ပျိုးနိုင်ရေး သစ်တောဦးစီးဌာန၊ မြိုင်သာယာ (အမြဲတမ်း) ပျိုးဥယျာဉ်တွင်လူထု ဖြန့်ပျိုးပင်များ စိုက်ပျိုးထားရှိမှု ကြည့်ရှုအားပေး

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မိုးရာသီကာလ သစ်ပင်များစိုက်ပျိုးနိုင်ရေး သစ်တောဦးစီးဌာန၊ မြိုင်သာယာ (အမြဲတမ်း) ပျိုးဥယျာဉ်တွင်လူထု ဖြန့်ပျိုးပင်များ စိုက်ပျိုးထားရှိမှု ကြည့်ရှုအားပေး

by admin

မော်လမြိုင် မေ ၂၅

မွန်ပြည်နယ်တွင် သဘာဝသစ်တောသစ်ပင်များ ပြုန်းတီးမှုမရှိ စေရေးနှင့်သစ်တောပြုန်းတီးမှုများလျော့ချနိုင်ရေးတို့ကို အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မေလ ၂၄ ရက်နေ့၊ နံနက်ပိုင်းက သစ်တောဦးစီးဌာန မော်လမြိုင်မြို့၊ မြိုင်သာယာ (အမြဲတမ်း) ပျိုးဥယျာဉ်တွင် ပြည်နယ်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ပြည်နယ်အတွင်း ပျိုးခင်းအတွင်း အဖိုးတန်သစ်မျိုးများ၊ ရာသီ အလိုက် ဖူးပွင့်မြန်သစ်မျိုးများ၊ အမြဲစိမ်းသစ်မျိုးများ၊ အရိပ်ရသစ်မျိုးများနှင့် ဒီရေတောပျိုးပင် စိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းမှာ ရှိသည့် မြို့နယ်များသို့ လာမည့်မိုးရာသီကာလတွင် လူထုဖြန့်ပျိုးပင်များ ဖြန့်ဖြူးစိုက်ပျိုးနိုင်ရေး ပျိုးပင်များအားစနစ်တကျ စိုက်ပျိုးထားကြရန်၊ စိုက်ပျိုးပြီးအပင်များ ကိုလည်း တစ်ပင်စိုက် တစ်ပင်ရှင်စနစ်ဖြင့် အောင်မြင်အောင် ဆောင်ရွက်ရန်၊ ပျိုးသက်၂နှစ်အထက်အပင်များ စိုက်ပျိုးရန်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အလေးထား ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မိုးရာသီတွင် စိုက်ပျိုးမည့် သစ်မာအမျိုးအစားများဖြစ်သော ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ ပျဉ်းမ စသည့် လူထုဖြန့်ပျိုးပင်များ ပျိုးထောင်ထားရှိမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

You may also like