မော်လမြိုင် ဇွန် ၅ မွန်ပြည်နယ်တွင် သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ဒေသအတွင်းအပူချိန်လျော့ကျ လာစေရန်နှင့် ဒေသခံပြည်သူများ သစ်ပင်ကိုတန်ဖိုးထား ချစ်မြတ်နိုးပြီး သစ်ပင်စိုက်ပျိုးလိုစိတ်များ ဖြစ်ပေါ်လာစေရန် သစ်တောစိုက်ခင်းများ ထူထောင်နိုင်ရန်ရည်ရွယ်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ၂ဝ၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ဇွန်လ ၅ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ တက္ကသိုလ်(၁ဝ)မြို့နယ်ဆောင်အနီး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ…
admin
-
-
နောက်ဆုံးရသတင်းများ
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်တက္ကသိုလ်နှင့် အစိုးရစက်မှု လက်မှုသိပ္ပံ (မော်လမြိုင်) တို့တွင် အခြေခံစားသောက်ကုန် ပစ္စည်းများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည်ရှုအားပေး
by adminမော်လမြိုင်၊ ဇွန် ၄ မွန်ပြည်နယ်အစိုးရအဖွဲ၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊မုန့်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး အများပြည်သူများအတွက် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇွန်လ ၄ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင် တက္ကသိုလ်တွင် ကိုယ်တိုင် စိုက်ပျိုး၊…
-
နောက်ဆုံးရသတင်းများ
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားတက်ရောက်
by adminမော်လမြိုင် ဇွန် ၃ မွန်ပြည်နယ်အနေဖြင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အချိန်နှင့်တပြေးညီ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ် မုန်တိုင်း ဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မန္တလေးရပ်ကွက် တရားလွှတ်တော်ဆိပ် (တရားလွှတ်တော်ရုံးအနီး)၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ…
-
နောက်ဆုံးရသတင်းများ
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စတင်ဖွင့်လှစ်သင်ကြားနေမှု ကြည့်ရှုအားပေး
by adminမော်လမြိုင် ဇွန် ၂ မွန်ပြည်နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတွက် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင် ကျောင်းများနှင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ ( ၃၅၂၃၂၂) ဦး အပ်နှံပြီးစီးခဲ့ပြီး ယနေ့ နံနက်ပိုင်းမှ စတင်ကာ ကျောင်းများ တက်ရောက်၍ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည်။ ထိုသို့ ပညာသင်ကြားနေမှုများကို ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇွန်လ ၂ ရက်နေ့၊…
-
နောက်ဆုံးရသတင်းများ
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့နယ် ဇော်ကုန်းကျေးရွာရှိ အသားတိုးဝက်မွေးမြူရေးခြံ အောင်မြင်ဖြစ်ထွန်းနေမှု ကြည့်ရှု၊ ၂၀၂၅ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်
by adminမော်လမြိုင် ဇွန် ၁ မွန်ပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိကာ စားရေ ရိက္ခာဖူလုံပိုလျှံမှုရှိစေရေး၊ အသားထုတ်လုပ်မှု ကဏ္ဍတိုးတက်မြင့်မားလာစေရေးနှင့် မွေးမြူရေးလုပ်ငန်းများမှတဆင့် ထုတ်ကုန်များ ကုန်ချောထုတ်လုပ်ပြီး စျေးကွက်သို့တင်ပို့ရောင်းချနိုင်ရန် ရည်ရွယ်၍ မေလ ၃၁ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့နယ်၊ ကြာအင်းကျေးရွာအုပ်စု၊ ဇော်ကုန်းကျေးရွာ ဦးမင်းဆန်းလွန်း၏ အသားတိုးဝက်မွေးမြူရေးခြံသို့ ရောက်ရှိရာ ရှေးဦးစွာ ရှင်းလင်းဆောင်တွင် မွေးမြူရေးနှင့်…
-
နောက်ဆုံးရသတင်းများ
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်းခြင်း၊ ကြဲခင်းစနစ်လျော့ချရေး Seederဖြင့် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်းနှင့် တောင်သူများအား မျိုးသန့်မျိုးပွားမျိုးစေ့ (RS)ချီးမြှင့် ပေးအပ်ခြင်းအခမ်းအနား တက်ရောက်
by adminမော်လမြိုင်၊ မေ ၃၁ မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြေသော အခြေခံပညာစာသင်ကျောင်းများအား ဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြား နိုင်ရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မေလ ၃၁ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ(စမ်းကြီး)၌ ကျောင်းဝင်းအတွင်းနှင့် ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များ၊ အမှိုက်များအား…
-
နောက်ဆုံးရသတင်းများ
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်းအခမ်းအနား တက်ရောက်
by adminမော်လမြိုင်၊ မေ ၃၀ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်းအခမ်းအနားကို မေလ (၃၀)ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း နိုင်ငံ့တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျစိုက်ထုတ်ရမှု…
-
နောက်ဆုံးရသတင်းများ
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြည်နယ်လုံးကျွတ် ကျောင်းအပ်နှံရေးအခမ်းအနား တက်ရောက်
by adminမော်လမြိုင် မေ ၂၉ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်အတိုင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြည်နယ်လုံးကျွတ်၊ ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၊ ဦးသာညှင်း ဓမ္မာရုံ၌ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။…
-
နောက်ဆုံးရသတင်းများ
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချစ်ကြည်ရေးဘောလီဘောပြိုင်ပွဲ ယှဉ်ပြိုင်နေမှု ကြည့်ရှုအားပေး၊ မွန်ပြည်နယ် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှုကော်မတီ ဆဌမအကြိမ်အစည်းအဝေး တက်ရောက်
by adminမော်လမြိုင် မေ ၂၈ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ချစ်ကြည်ရေးဘောလီဘောပြိုင်ပွဲ ယှဉ်ပြိုင်နေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ပေးအပ်၍ အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။ ဆက်လက်၍ မွန်းလွဲပိုင်းတွင် မွန်ပြည်နယ် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှုကော်မတီ ဆဌမအကြိမ်အစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်…
-
နောက်ဆုံးရသတင်းများ
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံနေမှုနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှား ဆောင်ရွက်နေမှုများ ကြည့်ရှုအားပေး
by adminမော်လမြိုင် မေ ၂၈ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (ရွှေနတ်တောင်)နှင့် မုဒုံမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ထိုသို့ ကြည့်ရှုရာတွင် ပြည်နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ကျောင်းအပ်နှံရေးနှင့် ပတ်သက်သည်များကို ရှင်းလင်းတင်ပြပြီး ကျောင်းအပ်နှံနိုင်ရေး လာရောက်ကြသည့် ကျောင်းသား၊ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။ထို့နောက် မွန်ပြည်နယ်…