Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်း – ၂၀၂၃ခုနှစ်မိုးရာသီ မုတ်သုန်ဖလားဂေါက်သီးရိုက် ပြိုင်ပွဲဖွင့်ပွဲ ၊ ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ၊ မုဒုံဗဟိုစိုက်ပျိုးရေးခြံ ကောက်စိုက်စက်သရုပ်ပြသပွဲ လယ်ယာသုံး စက်ကိရိယာများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ၊ပြည်နယ်အဆင့် ဆီးချို၊ သွေးချို ရောဂါအကြောင်း ဆွေးနွေးပွဲ နှင့် မြဆည်းဆာနှင့် နဂါးမောက်ဆရာတော်ဘဒ္ဒန္တနရိန္ဒ ၏ သက်တော်(၄၅)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနားသို့တက်ရောက်  

မွန်ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်း – ၂၀၂၃ခုနှစ်မိုးရာသီ မုတ်သုန်ဖလားဂေါက်သီးရိုက် ပြိုင်ပွဲဖွင့်ပွဲ ၊ ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ၊ မုဒုံဗဟိုစိုက်ပျိုးရေးခြံ ကောက်စိုက်စက်သရုပ်ပြသပွဲ လယ်ယာသုံး စက်ကိရိယာများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ၊ပြည်နယ်အဆင့် ဆီးချို၊ သွေးချို ရောဂါအကြောင်း ဆွေးနွေးပွဲ နှင့် မြဆည်းဆာနှင့် နဂါးမောက်ဆရာတော်ဘဒ္ဒန္တနရိန္ဒ ၏ သက်တော်(၄၅)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနားသို့တက်ရောက်  

by Mon Editor

မော်လမြိုင် ဇွန် ၂၄    

၂၀၂၃ခုနှစ် ၊ မိုးရာသီ မုတ်သုန်ဖလား  ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို မော်လမြိုင် ဂေါက်ကလပ် ဂေါက်သီးရိုက်ကွင်း၌ ဇွန် ၂၄ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ဂေါက်သီးရိုက်အားကစားသမား များ တက်ရောက်သည်။

ရှေးဉီးစွာပြည်နယ်ဝန်ကြီးချုပ်က ယခုကျင်းပတဲ့ ပြိုင်ပွဲမှာဆိုရင် ဒေသအသီးသီးမှ Golfer များ ပါဝင် ယှဉ်ပြိုင်ကြတဲ့အတွက် ချစ်ကြည်ရင်းနှီးမှုရရှိပြီး မွန်ပြည်နယ်ရဲ့ ဂေါက်သီးရိုက် အားကစားကဏ္ဍ တိုးတက်ရေးမှာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ဂေါက်သီးအားကစားမှာ ဂုဏ်သိက္ခာရှိစွာ ကစားခြင်း ၊ အားကစားသမား အချင်းချင်းအပေါ် စာနာထောက်ထားမှုရှိခြင်း ၊ ကစားနေသည့် ကွင်းအား ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့သည် အလေးထားရမယ့်အချက်များဖြစ်သလိုဘောလုံးကိုကျသည့်အနေအထားအတိုင်းကစားခြင်း၊ ကွင်းကိုမျက်မြင်အခြေအနေအတိုင်း လက်ခံကစားခြင်း သည်လည်း စည်းမျဉ်းဖြစ်ကြောင်းနှင့် စည်းမျဉ်းများကို သေချာသိရှိ နားလည်မှသာလျှင် ပြိုင်ပွဲမှာ မျှော်မှန်းထားသော အောင်မြင်မှုများရရှိမှာ ဖြစ်ကြောင်း ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက Smoke ball ရိုက်ပြီး ပြိုင်ပွဲကိုဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ပြိုင်ပွဲဝင်အသင်းသားများက သတ်မှတ်နေရာအသီးသီးမှ စတင်ကာ ယှဉ်ပြိုင်ကစားကြသည်။ အဆိုပါ ၂၀၂၃ခုနှစ်  မိုးရာသီမုတ်သုန် ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ၂၀၂၃ခုနှစ် ဇွန် ၂၄ မှ ဩဂုတ် ၆ ရက်နေ့အထိ ပြိုင်ပွဲဝင် ဂေါက်သီးရိုက်ကစားသမား (၈၄)ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက် ပရိယတ္တိဓမ္မဗိမာန်တော်ကြီးဝန်းအတွင်းနှင့် မြေနီကုန်းရပ်ကွက် အဝေးပြေယာဉ်ရပ်နားစခန်းအရှေ့၌   ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက  ပတ်ဝန်းကျင်စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပရေးအတွက်  စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်း ဆောင်ရွက်နေမှု အပေါ် ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများအား မြို့နယ်များအလိုက် သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ အမှိုက် များ စနစ်တကျစွန့်ပစ်စေရေးတို့ကို မှာကြားကာ လိုအပ်ချက်များကို ဖြည်းဆည်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မုဒုံမြို့နယ်ဗဟိုစိုက်ပျိုးရေးခြံ၌ ကျင်းပပြုလုပ်သော ကောက်စိုက်စက် နှင့် မျိုးစေ့ချစက်ဆွဲ ကိရိယာ ဖြင့်တိုက်ရိုက် စိုက်ပျိုးခြင်းနှင့် လယ်ယာသုံးစက်ကိရိယာများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကာ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် က မွန်ပြည်နယ်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း မွန်ပြည်နယ်အနေဖြင့် စိုက်ပျိုးရေး လုပ်ငန်းတွင် လယ်ယာကဏ္ဍ၊ ရော်ဘာကဏ္ဍနှင့် ဥယျာဉ်ခြံ သီးနှံကဏ္ဍ ဖွံဖြိုးတိုးတက်ရေးကို အဓိကထား ဆောင်ရွက်နေသည့် ပြည်နယ်တစ်ခု ဖြစ်ကြောင်း၊ စပါးသီးနှံ. စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် စက်မှု လယ်ယာဦးစီးဌာန နှင့် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် မြို့နယ်များတွင် အထွက်နှုန်းတိုးတက် မြင့်မားစေရန်အတွက် ကြဲခင်းစိုက်ပျိုးနည်းစနစ်အစား ကောက်စိုက်စက်၊ စက်ဆွဲမျိုးစေ့ချကိရိယာ၊ လူဆွဲမျိုးစေ့ချကိရိယာ တို့ဖြင့် တိုးချဲ့စိုက်ပျိုးလာစေရေးအတွက် နည်းပညာ ကွင်းသရုပ်ပြပွဲများ ကျင်းပပြုလုပ်လျှက်ရှိကြောင်း၊ ကောက်စိုက်စက်၊ (၁၀)တန်းသွားမျိုးစေ့ချ ကိရိယာဖြင့် တိုက်ရိုက် မျိုးစေ့ချစိုက်ပျိုးခြင်းကိုလည်း လက်တွေ့ စိုက်ပျိုးပြသသွားမှာ ဖြစ်ပြီး တောင်သူများ လက်ခံကျင့်သုံးလာနိုင်စေရန်အတွက် တိုက်တွန်းလိုကြောင်း၊ ပြည်နယ်အတွင်း သီးနှံစိုက် စွမ်းအား တိုးတက်စေရန် စိုက်ပျိုးမြေများအား သီးထပ်၊ သီးညှပ်စိုက်ပျိုးသည့်အပြင် လစ်လပ် မြေနေရာ များတွင်ပါ တိုးချဲ့စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီဌာန ဗဟိုမျိုးသန့်ခြံ (မုဒုံ) ဦးစီးမှူးက ခြံလုပ်ငန်းဆောင်ရွက်မှု အခြေအနေအား လည်ကောင်း၊ စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ကောက်စိုက်စက်၊ တိုက်ရိုက်မျိုးစေ့ချ ကိရိယာစက်အသုံးပြုမှု နှင့် လက်ယာသုံး စက်ကိရိယာများ လွှဲပြောင်းပေးအပ်မည် အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်က ပထမအကြိမ်ရောက်ရှိလာသော ဒေသနှင့်ကိုက်ညီသည့် လယ်ယာသုံး စက်ကိရိယာ (၂၅)စီးအား မြို့နယ် ကိုယ်စာလှယ်များထံ လွှဲပြောင်းပေးအပ်ပြီး စက်ကိရိယာများအား လိုက်လံကြည့်ရှုစစ်ဆေးကာ စက်ဝယ်ယူသူ တောင်သူများအား ရင်းရင်းနှီးနှီး လိုက်ခံ နှုတ်ဆက်အားပေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် နှင့် အဖွဲ့သည် ဒေသနှင့် ကိုက်ညီမည့် မျိုးစပါးများ ယှဉ်ပြိုင်စမ်းသပ်ကွက် (၆)တန်းသွားကောက်စိုက်စက်ဖြင့် မျိုးစပါး စိုက်ပျိုးခြင်းနှင့် (၁၀)တန်းသွား စက်ဆွဲ မျိုးစေ့ချကိရိယာဖြင့် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနေမှုတို့အား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ထိုမှတဆင့် ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အဆင့် ဆီးချို၊ သွေးချို ရောဂါအကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်ကာ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ကျင်းပသည့်ဆွေးနွေးပွဲသည် မွန်ပြည်နယ်အစိုးရအဖွဲ့၊မြန်မာနိုင်ငံ ဆီးချိုနှင့် ဟော်မုန်းရောဂါကု ဆရာဝန်များအသင်း၊ အမျိုးအစား(၁) ဆီးချိုကုသရေး စီမံချက် နှင့် မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာနတို့ ပူးပေါင်းဆောင်ရွက်သော ကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲဖြစ်ကြောင်း၊ ဆီးချိုရောဂါသည် ကမ္ဘာပေါ်တွင် မကူးစက်နိုင်သော ရောဂါ များ အနက် သေဆုံးမှုများပြီး နောက်ဆက်တွဲရောဂါ ပြဿနာများ ဖြစ်စေသော နာတာရှည်ရောဂါဖြစ်သောကြောင့် အချိန်မီကုသမှုခံယူနိုင်ဖို့ အရေးကြီးပါကြောင်း၊ ကူးစက်ခြင်းကြောင့် မဟုတ်သော ရောဂါခံစားနေရသူများကို ထိရောက်သော ကာကွယ်မှုနှင့်ကုသမှုကို လူတိုင်းတန်းတူညီမျှ ရရှိစေရန် ဆီးချိုရောဂါကို စောစီးစွာ သိရှိပြီး အချိန်မီထိရောက်စွာကုသနိုင်ရန် လိုအပ်ပါကြောင်း၊ ဆီးချိုရောဂါနှင့် ပတ်သက်ပြီး ပိုမိုသိရှိစေရန် အန္တရာယ်ဖြစ်စေနိုင်သော အကြောင်းအချက်များကို ရှောင်ကြဉ်နိုင်အောင် မိမိတွင်သာမက မိမိ ပတ်ဝန်းကျင် လူမှုအသိုင်းအဝိုင်းအတွင်း ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်အောင် ကျန်းမာရေးအသိပညာများ ဖြန့်ဝေပေးဖို့ တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက်ဆီးချိုနှင့်ဟော်မုန်းရောဂါ အထူးကုဆရာဝန်ကြီး၊ ပါမောက္ခဒေါက်တာ မိုးဝင့်အောင်မှဆီးချို၊ သွေးချိုရောဂါ၏ သတိပြုစရာအချက်များ အကြောင်းအားလည်ကောင်း ၊ဆီးချိုနှင့်ဟော်မုန်းရောဂါ အထူးကုဆရာဝန်ကြီး၊ တွဲဖက်ပါမောက္ခဒေါက်တာ မောင်မောင်သန့် မှ ဆီးချို၊ သွေးချို ရောဂါအတွက် နေထိုင်စားသောက်မှု လမ်းညွှန်အကြောင်းကိုလည်ကောင်း ဆွေးနွေးပြေားကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးလိုက်လံနှုတ်ဆက်ကာ ဆီချိုရောဂါနှင့် သွေးတိုးရောဂါ အခမဲ့စစ်ဆေးပေးခြင်း၊ ဆေးဝါးအခမဲ့ကုသပေးခြင်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ထို့မှတဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးကျွန်းသစ္စာရှင် နဂါးမောက်စေတီ တော်မြတ်ကြီး၌ ကျင်းပသည့် မြဆည်းဆာနှင့် နဂါးမောက် ဆရာတော်ဘဒ္ဒန္တနရိန္ဒ ၏ သက်တော်(၄၅)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာ နှင့် ဆင်တော်မင်္ဂလာနှစ်စင်း၏ ကာယအားဖြင့် ရှာဖွေရရှိသော အလှူတော်ငွေအား နဂါးမောက်စေတီတော်မြတ်ကြီးထံ အပ်နှင်း လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားသို့ တက်ရောက်ရာ ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး မြစေတီ စာသင်တိုက်ကြီး၏ ဦးစီးပဓါန နာယက ဆရာတော် ဝိနယပါဠိပါရဂူ (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ သီလတော်မြတ်များခံယူဆောက်တည်ကာ သံဃာတော် အရှင် သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်မူသော ပရိတ် တရားတော်များ နာယူကြည်ညို ခဲ့ကြသည်။

ထို့နောက် ဆင်တော်မင်္ဂလာနှစ်စင်းမှ လှူဒါန်းသော အလှူတော်ငွေ ကျပ်သိန်း(၇၀)အား ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဦးလှထွန်းတို့က လက်ခံရယူခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကာ မြစေတီ စာသင်တိုက်ကြီး၏ ဦးစီးပဓါန နာယက ဆရာတော် ဝိနယပါဠိပါရဂူ (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ လှူဒါန်းမှုအစုစုတို့ အတွက် အနုမောဒနာ တရားနာယူ ကြည်ညိုပြီး ရေးစက်သွန်းချ အမျှပေးဝေကာ  အခမ်းအနားကို ဗုဒ္ဓ သာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့ပြီး ဆရာတော်၊ သံဃာတော်၊ အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

You may also like