Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- အခြေခံပညာ စာသင်ကျောင်းများ စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းသာယာလှပမှုရှိစေရေး ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု၊ ဆန်နှင့် စားသုံးဆီများ၊ အခြေခံစားကုန်နှင့် အသားငါးများ၊ ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှု၊ မော်လမြိုင်မြို့ ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးနှင့် အများပြည်သူများ စိတ်အေးချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုအားပေး 

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- အခြေခံပညာ စာသင်ကျောင်းများ စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းသာယာလှပမှုရှိစေရေး ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု၊ ဆန်နှင့် စားသုံးဆီများ၊ အခြေခံစားကုန်နှင့် အသားငါးများ၊ ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှု၊ မော်လမြိုင်မြို့ ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးနှင့် အများပြည်သူများ စိတ်အေးချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုအားပေး 

by Mon Editor

မော်လမြိုင်၊ ဇူလိုင် ၈

ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းပရဝုဏ်များ စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းသာယာ လှပမှုရှိစေရေး အလေးထား ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၈ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းသာယာလှပ စေရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်း ဆောင်ရွက်နေကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းများ  စိမ်းလန်းစိုပြေမှုရှိစေရန်၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး၊ ကျောင်းကျန်းမာရေးနှင့် ပတ်သက်၍ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။

အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများတွင် သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိပြီး စာသင်ကျောင်းများတွင်လည်း ကျောင်းသန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်ကြီးကြပ်မှုဖြင့် အများပြည်သူများအတွက် စားသောက်ကုန်စည်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်စေရေး အတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြည်နယ် ဆန်လုပ်ငန်းရှင်များအသင်း၊ ဆီလုပ်ငန်းရှင်များအသင်းတို့အပြင် သား/ငါး/ဟင်းသီးဟင်းရွက် ဈေးသည်များတို့မှ ပူးပေါင်း၍ ဆန်နှင့် စားသုံးဆီများ၊ အခြေခံစားကုန်များ၊ အသားငါးများနှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအားပေးသည်။

ထိုသို့ ရောင်းချရာတွင် ဧည့်မထ ဆန်တစ်ပြည်လျှင် ငွေကျပ်(၂၆၀၀)နှုန်း၊ ဆီ(၅၀)သား တစ်ဗူးလျှင် ငွေကျပ်(၂၃၀၀)နှုန်း၊ ဆား တစ်ပိဿာ တစ်ထုပ် လျှင် ငွေကျပ်(၂၀၀)နှုန်း၊ ကြက်ဥ (၁၀)လုံးတစ်ထုပ်လျှင် ငွေကျပ် (၂၄၀၀)နှုန်း၊ ကြက်သား တစ်ပိဿာလျှင် ငွေကျပ်(၈၀၀၀)နှုန်း၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ငွေကျပ် (၄၃၀၀)နှုန်း၊ ငါးတန် တစ်ပိဿာလျှင် ငွေကျပ်(၃၃၀၀)နှုန်း၊ ဝက်သားတစ်ပိဿာလျှင် ငွေကျပ် (၁၃၅၀၀) နှုန်း၊ ဟင်းသီး ဟင်းရွက်မျိုးစုံဖြင့် စျေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။

မော်လမြိုင်မြို့ ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးနှင့် အများပြည်သူများ စိတ်အေးချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ကမ်းနားလမ်း အဆင့်မြှင့်တင်တိုးချဲဲ့ဆောင်ရွက်မည့် နေရာသို့ ရောက်ရှိခဲ့ကြ၍ ကမ်းထိန်းနံရံတည်ဆောက်ခြင်း၊ မြေယာရှုခင်း၊ နားနေခုံများ၊ ပန်းပင်နှင့် မြက်ခင်းပြင်ပြုလုပ်ခြင်း၊ အလှမီးတိုင်များ ထွန်းညှိခြင်းများ ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က မြို့ပြအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိပြီး မြို့ပြသွင်ပြင်လက္ခဏာပေါ်လွင်စေရေး၊ သန့်ရှင်းသာယာလှပစေရေး အလေးထားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

အလားတူ မော်လမြိုင်မြို့ တိုးချဲ့ကမ်းနားလမ်းရှိ ရာမညသဲသောင်ပြင်အပန်းဖြေ နေရာအား အများပြည်သူများ စိတ်အေးချမ်းမြေ့စွာ အပန်းဖြေ အနားယူနိုင်ရေး ဆောင်ရွက်ပေးခဲ့ပြီး လက်ရှိအချိန်တွင် မြို့နေအများပြည်သူများအနေဖြင့် အေးချမ်းပျော်ရွှင်စွာနှင့် စိတ်လက်အပန်းဖြေစွာဖြင့် နေ့စဉ်လာရောက်လည်ပတ်လျက်ရှိသလို ရပ်နီးရပ်ဝေးမှ ခရီးသွားပြည်သူများမှလည်း စိတ်အေးချမ်းမြေ့စွာ အပန်းဖြေအနားယူမှု ဆောင်ရွက်ထား ရှိမှု အခြေအနေအား ကြည့်ရှုအားပေးသည်။

You may also like