Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း –  မွန်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ၂၀၂၃ ခုနှစ်၊ (၁၃)ကြိမ်မြောက် စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအစည်းအဝေးသို့ တက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း –  မွန်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ၂၀၂၃ ခုနှစ်၊ (၁၃)ကြိမ်မြောက် စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအစည်းအဝေးသို့ တက်ရောက်

by Mon Editor

မော်လမြိုင်၊ ဇူလိုင် ၁၀

မွန်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ယာဉ်မတော်တဆ ထိခိုက်မှု အန္တရာယ်ကြောင့် ပြည်သူတို့၏ အသက်နှင့် လူမှုစီးပွားဘဝ ဆုံးရှုံးမှုများ၊ ဒဏ်ရာရရှိမှုများ၊ ယာဉ်ကြောင့်ဖြစ်ပေါ်သော သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများနှင့် ယာဉ်ကြော ပိတ်ဆို့မှု များ လျော့နည်းကျဆင်းလာစေရန် မွန်ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီကို  ဖွဲ့စည်းထားပြီး အမျိုးသားကောင်စီ (NRSC)မှ သတ်မှတ်ပေးထားတဲ့ လုပ်ငန်းတာဝန်ကြီး (၁၄)ရပ်ကို တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်အဆင့် ဆပ်ကော်မတီများ ၊ ခရိုင်/ မြို့နယ်အဆင့်အဖွဲ့များကလည်း မိမိတို့ရဲ့ လုပ်ငန်းတာ၀န်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက် နေကြရမှာဖြစ်ပြီး၊ ပြည်နယ်အတွင်း ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနဲ့ သေဆုံးမှုတွေ လျော့နည်းကျဆင်းလာမှာ ဖြစ်ကြောင်း၊ မော်တော်ဆိုင်ကယ်အသုံးပြု မောင်းနှင်သူများ၏ ပေါ့လျော့မှုကြောင့် ဖြစ်ပွားရသည့်ဖြစ်စဉ် များပြားသည့်အတွက် အများပြည်သူ အသုံးပြု လမ်းများတွင် ဆိုင်ကယ်အရှိန်လွန် မောင်းနှင်မှု မရှိရေး၊ဆိုင်ကယ်စီး ဦးထုပ်ဆောင်း၍ စီးနင်းရေး အသိပညာပေး ဆိုင်းဘုတ်များ ထားရှိရန် လိုအပ်ကြောင်း၊ ယာဉ်မတော်တဆဖြစ်စဉ်များပေါ်မူတည်၍ မော်တော်ယာဉ်အားနည်းမှု၊ မဆင်မခြင် မောင်းနှင်မှု၊ လမ်းအခြေအနေချို့ယွင်းမှု အစရှိသည်ဖြင့် ဖြေရှင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းစီမံချက်များအတိုင်း ထိရောက်အောင်မြင်အောင် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားသည်။

အဲဒီနောက် တက်ရောက်လာသော ကော်မတီဝင်များမှ ပြည်နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်းကြီးများမှ ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

၂၀၂၃ ခုနှစ်၊ (၁၃)ကြိမ်မြောက် စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး အစည်းအဝေးကို  ဆက်လက် ကျင်းပရာ ရှေးဉီးစွာ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၃ ခုနှစ်၊ စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီအသီးသီးကို စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် တာဝန်ခွဲဝေပေးအပ်ထားပြီ ဖြစ်ကာ ဆောင်ရွက်ရမည့် လုပ်ငန်းများအလိုက်  တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများကို လစ်ဟာမှုမရှိစေဘဲ အပြန်အလှန်ညှိနှိုင်း ဆောင်ရွက်သွားကြရန် လိုအပ်မှာ ဖြစ်ကြောင်း၊ နှစ်စဉ် နှစ်တိုင်းအစဉ် အလာမပျက် ကျင်းပပြုလုပ်လာသည့်အတွက်အောင်မြင်စွာကျင်းပနိုင်ရေးဝိုင်းဝန်းကူညီဆောင်ရွက်သွားကြရန် ပြောကြားသည်။

ထို့နောက် ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူးက အခမ်းအနားနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ လုပ်ငန်း ကော်မတီဝင်များနှင့် ကျင်းပရေးဦးစီးကော်မတီဝင်များက ဖြည့်စွက် ဆွေးနွေးတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

You may also like