Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း –  မွန်ပြည်နယ်အတွင်း အခြေခံစားကုန်ပစ္စည်းများတိုးမြှင့် ထုတ်လုပ်ရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း –  မွန်ပြည်နယ်အတွင်း အခြေခံစားကုန်ပစ္စည်းများတိုးမြှင့် ထုတ်လုပ်ရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

by Mon Editor

မော်လမြိုင်    ဇွန်     ၂၉

 မွန်ပြည်နယ်အတွင်း အခြေခံစားကုန်ပစ္စည်းများတိုး မြှင့်ထုတ်လုပ်ရေး နှင့် ကုန်စျေးနှုန်း တည်ငြိမ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၈ ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံစားကုန်များကိုလုံလောက်စွာထုတ်လုပ်နိုင်ခြင်းဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်အောင် ဆောင်ရွက်ကာ ကုန်ထုတ်လုပ်သူများ အနေဖြင့်လည်း အများပြည်သူများအတွက် အဖြစ်သင့်ဆုံးဈေးနှုန်းဖြင့် ထိန်းညှိရောင်းချပေးရန်လိုပါကြောင်း၊ မွန်ပြည်နယ် အတွင်း အခြေခံစားသောက်ကုန်များ လုံလောက်စွာ ထုတ်လုပ်နိုင်ဖို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ရေထွက်ကုန်ပစ္စည်းများ ဖြစ်သည့် ငါး၊ ပုစွန် ထုတ်လုပ်ခြင်းလုပ်ငန်းများတွင် ရေချို၊ ရေငန် ငါးဖမ်းဆီးခြင်းလုပ်ငန်း၊ ငါး၊ ပုစွန် မွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိလာသော ရေထွက်ကုန်ပစ္စည်းများကို ဒေသတွင်း စားသုံးခြင်း၊ ပိုလျှံထွက်ရှိသော ရေထွက်ကုန်ပစ္စည်းများကို အအေးခန်း စက်ရုံများတွင် အေးခဲ၍ ရန်ကုန်မြို့မှ တစ်ဆင့်ပြည်ပသို့ တင်ပို့ခြင်း၊ ရေထွက်ကုန်ပစ္စည်းများကို MSMEs လုပ်ငန်းများမှ ပြုပြင်ထုတ်ပိုးပြီး ပြည်တွင်းစားသုံးနိုင်ရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ရာသီဥတုနှင့် ကိုက်ညီသော နေကြာသီးနှံ အား ယခုနှစ်တွင် တိုးချဲ့စိုက်ပျိုးနိုင်ရန် စီစဉ်ထားရှိပြီး  ပြည်နယ်အတွင်း ဆီဖူလုံမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ဆီထွက်သီးနှံများ၊ နေ့စဉ်မီးဖိုချောင်သုံး ဟင်းသီဟင်းရွက်များ ဖူလုံမှုရှိစေရေးအတွက် စိုက်ပျိုးမြေများကို ပလပ်ထားမှုမရှိဘဲ အပြည့်အဝအသုံးချ၍ သီးထပ်စိုက်ပျိုးခြင်း ကို စွမ်းအားပြည့်စိုက်ပျိုးရန်နှင့် စိုက်ပျိုး မြေကို အကျိုးရှိရှိအသုံးချရေးတို့အား အထူးဦးစားပေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိရိုးဖလာလွှတ်ကျောင်း မွေးမြူသည့် စနစ်အစား ခြံလှောင်စနစ်ဖြင့် စနစ်တကျမွေးမြူရေး အသိပညာပေး ဆောင်ရွက်ရန်နှင့် အစာ၊ ရေ နှင့် ဆေးဝါးများကို ခေတ်မီ နည်းစနစ်များဖြင့် စနစ်တကျ အောင်မြင်စွာ အသုံးပြုမွေးမြူနိုင်ရေး ကြိုးပမ်းဆောင်ရွက် ရန်၊ လယ်ယာထွက်ကုန်ပစ္စည်းများမှ စွန့်ပစ်ပစ္စည်း များဖြင့် ဒေသအလိုက် တိရစ္ဆာန်မွေးမြူရေး အစားအစာများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်၊ တိရစ္ဆာန် စွန့်ပစ်ပစ္စည်းများမှ ဇီဝမြေဩဇာ၊ သဘာဝမြေဩဇာများ ထုတ်လုပ်သုံးစွဲနိုင်အောင် ဆောင်ရွက်ပြီး ပြည်ပမှ ဓာတ်မြေဩဇာ တင်သွင်း သုံးစွဲနေရမှုကို လျှော့ချရန်၊ စိုက်ပျိုး၊ မွေးမြူရေးထွက်ကုန်များကို ဖြန့်ဖြူးရောင်းချရာတွင် ပွဲစား၊ အဝယ်ဒိုင်၊ ကုန်စည်ဒိုင်များက ဈေးကစားမှု မရှိစေရေး ဒေသအလိုက် စစ်ဆေးကြပ်မတ် ဆောင်ရွက်ရန်၊ ပြည်ပသွင်းကုန် အစားထိုးနိုင်မည့် အရည်အသွေးမြင့် စိုက်ပျိုးရေး၊ မွေးမြူရေး ထွက်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် စီမံကြံဆဆောင်ရွက်ပြီး မွန်ပြည်နယ်အတွင်း စားရေရိက္ခာ လိုအပ်ချက်ကို ဖူလုံရုံသာမက ပိုလျှံသည်အထိ  ထုတ်လုပ်နိုင်အောင် ကြိုးပမ်း ဆောင်ရွက်ရန်လိုကြောင်း၊ မွန်ပြည်နယ်အတွင်း ထွက်ရှိသော ဆန်၊ ငါး၊ ပုစွန်၊ ကြက်သား၊ ကြက်ဥများကို Supply and Demand မျှတအောင်သုံးစွဲရေး၊ဈေးနှုန်းသင့်တင့်ရေး၊လယ်ယာကဏ္ဍ၊သားငါးကဏ္ဍနှင့်ကုန်ထုတ်လုပ်ငန်းများတိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ပြောကြားသည်။

ဆက်လက်၍ မွန်ပြည်နယ်အတွင်း အခြေခံစားကုန်ပစ္စည်းများ တိုးမြှင့် ထုတ်လုပ် ရေး နှင့်ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကုန်စျေးနှုန်းတည်ငြိမ်ရေးအတွက် ဆွေးနွေးတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဝိုင်းဝန်းဆွေးနွေးအကြံပြုကြပြီး၊ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

You may also like