မော်လမြိုင် ၊ဇူလိုင် ၃၁
နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော် တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲ မင်္ဂလာကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြမည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်မှ ဆရာတော် သံဃာတော်( ၃၁ )ပါးတို့သည် ဇူလိုင်လ ၃၁ ရက်နေ့ မွန်းလွဲ ပိုင်းက တပ်မတော် လေယာဉ် ဖြင့် မော်လမြိုင်လေဆိပ်မှ နေပြည်တော် လေဆိပ်သို့ ထွက်ခွာရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ က လေဆိပ်တွင် ကြိုဆို၍ တပ်မတော်လေယာဉ်ပေါ်သို့ ပင့်ဆောင် ပူဇော်ခဲ့ကြောင်း သိရ သည်။




