Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များ ၎င်းတို့၏မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ပွဲ တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များ ၎င်းတို့၏မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ပွဲ တက်ရောက်

by Mon Editor

မော်လမြိုင် ဩဂုတ် ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများ အတွင်း ရောက်ရှိနေသူများ အား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိပြီး ဥပဒေဘောင်အတွင်း သို့ဝင်ရောက်လာသူ များကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းနှင့် လက်နက်/ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေ များ သီးသန့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

ယင်းသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ဖိတ်ခေါ်လျက် ရှိသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း နယ်မြေများ အတွင်း သင်တန်းများတက် ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိသည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ ဝင်များအား ပြန်လည် လက်ခံ၍ ၎င်းတို့၏မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ် ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်း ခန်းမ၌ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း . အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် တာဝန်ရှိသူများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ပြန်လည်အလင်းဝင်လာသည့် PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက် ကြပါသည်။

ပထမဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို အသိပညာပေး ရှင်းလင်း ဆွေးနွေးပြောကြား ပါသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သော ရန်ကုန် တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်မှ PDF အဖွဲ့ဝင်အမျိုးသား ၁ ဦးမှ ပြည်နယ်ဝန်ကြီးချုပ်ထံ အမေရိကန်နိုင်ငံထုတ် BERETTA အမျိုးအစား ၉ မမပစ္စတို  ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ၎င်းကျည် ၂ဝ တောင့်အား အပ်နှံခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ဂုဏ်ပြုချီးမြှင့်ငွေ (၂၀)သိန်းနှင့် အမှတ်တရ လက်ဆောင်. ပစ္စည်းများအားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ဝါး ခယ်မမြို့နယ်မှ PDF အဖွဲ့ဝင်အမျိုးသား ၁ ဦးမှ တိုင်းမှူးထံ တရုတ် နိုင်ငံထုတ် RPG ၁ လက်၊ ဒုံးသီး ၁ လုံး၊ ပို့ကျည် ၁ တောင့်အား အပ်နှံခဲ့ပြီး တိုင်းမှူးမှ ဂုဏ်ပြုချီးမြှင့်ငွေ(၇၅)သိန်းနှင့် အမှတ်တရလက်ဆောင် ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ပါ သည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ လှည်းကူးမြို့ နယ်၊ ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်၊ ညောင်တုန်း မြို့နယ်၊ ဓနုဖြူမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ နယ်တို့မှ PDF အဖွဲ့ဝင်အမျိုးသား ၁၄ ဦးတို့အား တာဝန်ရှိသူများက ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏မိဘအုပ်ထိန်း သူများထံသို့ လွှဲပြောင်း ပေးအပ်ပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ၊ စားသောက်စရိတ် ၁၄ ဦးအတွက် ၁၅ သိန်း၊ စုစုပေါင်း ၁၄ ဦးအတွက် ၁၁၀ သိန်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့နောက် အလင်းဝင်ရောက်လာသော လူငယ်များကိုယ်စား ကိုယ်စားလှယ်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပါသည်။

ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်းဝင်ရောက်လာသူ များအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘ အုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲအပ်ပေးလျက်ရှိခြင်းများကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ‘ ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များ၊ တပ် စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွား မည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများအား ထိုက်တန်စွာပေးအပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

You may also like