Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း-  ​မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ စိုက်ပျိုး၊ မွေးမြူ​ရေး လုပ်ကိုင်​ဆောင်ရွက်နိုင်​ရေး ကွင်း​ဆင်းကြည့်ရှုစစ်​ဆေး

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း-  ​မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ စိုက်ပျိုး၊ မွေးမြူ​ရေး လုပ်ကိုင်​ဆောင်ရွက်နိုင်​ရေး ကွင်း​ဆင်းကြည့်ရှုစစ်​ဆေး

by Mon Editor

မော်လမြိုင်၊ စက်တင်ဘာ ၃
မွန်ပြည်နယ်အ​နေဖြင့် စိုက်ပျိုး​မွေးမြူ​ရေးကို အ​ခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဖြင့် ထုတ်လုပ်မှုစွမ်းအား မြှင့်တင်​ဆောင်ရွက်ကြရန် အ​​​လေးထားဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၂ ရက်​နေ့၊
ည​နေပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ စိုက်ပျိုး၊ မွေးမြူ​ရေး လုပ်ကိုင်​ဆောင်ရွက်နိုင်​ရေး ကွင်းဆင်း ကြည့်ရှုစစ်​ဆေးခဲ့ကြသည်
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုး မွေးမြူ​ရေး လုပ်ကိုင်​ဆောင်ရွက်နိုင်မည့် ​မြေ​နေရာအား ကြည့်ရှုစစ်​ဆေးခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုး၊မွေးမြူ​ရေး လုပ်ကိုင်​ဆောင်ရွက်နိုင်​ရေးအ​ပေါ်  လုပ်ငန်းများအမှန်တကယ်ဆောင်ရွက်နိုင်​ရေး ကြပ်မတ်ကြရန် လိုအပ်သလို ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် လုပ်ငန်းရှင်များ၊ ဒေသခံ တောင်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ​​ဖော်​ဆောင်​ပေး
နိုင်ရေး ဆောင်ရွက်​ပေးကြရန် လိုအပ်​ကြောင်းဖြင့် လမ်းညွှန်မှာကြားခဲ့သည်။
အဲဒီ​နောက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ မွေးမြူ​ရေး လုပ်ငန်း ဆောင်ရွက်နိုင်မည့် အ​ခြေအ​နေများနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်ချက်များကိုတင်ပြခဲ့ကြ၍ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်​ဆွေး​နွေး အကြံပြုတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်​​ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း​ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
မွန်ပြည်နယ် အ​နေဖြင့် စိုက်ပျိုး​ရေးနှင့် မွေးမြူရေးလုပ်ငန်းများ၏ လုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ​ဆောင်ရွက်နိုင်​ရေးနှင့် အခြားစီးပွား​ရေးကဏ္ဏများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်​စေ​ရေး ​ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရသည်။

You may also like