Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်းရှိ အောင်ဘယမုနိ ‎စေတီတော်၌ စုပေါင်းသန့်ရှင်းရေးကုသိုလ်ယူဆောင်ရွက်နေကြမှုအပေါ် ကြည့်ရှုအားပေး၊ ​မွန်ပြည်နယ်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ မော်လမြိုင်မြို့နယ် စင်းလုံးငှားယာဉ်ငယ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၏ သုံးဘီးယာဉ်စင်းလုံးငှား ဂိတ်ဖွင့်ပွဲအခမ်းအနား၊ ၂၀၂၃-၂၀၂၄ခုနှစ်၊မိုးစပါးရာသီရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးဧကများအပေါ်မျိုးစပါး ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား တက်​ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်းရှိ အောင်ဘယမုနိ ‎စေတီတော်၌ စုပေါင်းသန့်ရှင်းရေးကုသိုလ်ယူဆောင်ရွက်နေကြမှုအပေါ် ကြည့်ရှုအားပေး၊ ​မွန်ပြည်နယ်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ မော်လမြိုင်မြို့နယ် စင်းလုံးငှားယာဉ်ငယ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၏ သုံးဘီးယာဉ်စင်းလုံးငှား ဂိတ်ဖွင့်ပွဲအခမ်းအနား၊ ၂၀၂၃-၂၀၂၄ခုနှစ်၊မိုးစပါးရာသီရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးဧကများအပေါ်မျိုးစပါး ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား တက်​ရောက်

by Mon Editor

မော်လမြိုင်၊ စက်တင်ဘာ ၂
မွန်ပြည်နယ်အတွင်း ဘုရားဖူးလာရောက်ကြမည့် အများပြည်သူများ စိတ်အေးချမ်းသာစွာနှင့် ကြည်ညိုသပ္ပါယ်စွာ ဖူးမြော်နိုင်ရေးအတွက် ဘုရား၊ စေတီ၊ ပုထိုးများမှာ စုပေါင်းသန့်ရှင်းရေးတို့ကို ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလလ ၂ ရက်နေ့၊ နံနက်ပိုင်းက မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်းတွင် တည်ထားကိုးကိုယ်​တော်မူ​သော အောင်ဘယမုနိ ‎စေတီတော်၏ ပစ္စယာ၊ရင်ပြင်တော်၊ တံတိုင်းများရှိ ရေညှိများ၊အမှိုက်များကို ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စုပေါင်းသန့်ရှင်းရေးကုသိုလ်ယူဆောင်ရွက်နေကြမှုအပေါ် ကြည့်ရှုအားပေးသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက စေတီတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညိုခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က ဘုရား၊ စေတီ၊ ပုထိုးများ၏ ပရိဝုဏ် အတွင်း၊ အပြင် သန့်ရှင်းသာယာလှပစေရေး၊ စိမ်းလန်းစိုပြေစေရေး ကြည်ညိုသပ္ပါယ်စွာ ဖူးမြော်နိုင်ရေး ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ကာ ​တောင်ရိုးတန်းလမ်းတစ်​လျှောက် စု​ပေါင်းသန့်ရှင်း​ရေး ​ဆောင်ရွက်​နေကြမှုကို ကြည့်ရှုအား​ပေးခဲ့သည်။
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများတွင် စုပေါင်းသန့်ရှင်းရေး ကုသိုလ်ယူ ဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မွန်ပြည်နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရန်နှင့် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေး၊ မြို့တော်အင်္ဂါရပ်နှင့်အညီ သုံးဘီးယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေး၊ ခရီးသွား လုပ်သားပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေးကို ရည်ရွယ်၍ မွန်ပြည်နယ်ယာဉ်လုပ်ဝန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ မော်လမြိုင်မြို့နယ် စင်းလုံးငှားယာဉ်ငယ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၏ သုံးဘီးယာဉ်ဂိတ်ဖွင့်ပွဲအခမ်းအနားကို ယ​နေ့နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ အ​ဝေး​ပြေးယဉ်ရပ်နားစခန်း ( လှိုင်) ​ရှေ့တွင်ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် သုံးဘီးယာဉ်များအား အငှားယာဉ်အဖြစ် ပြေးဆွဲရာတွင် သတ်မှတ်လုပ်ငန်း လိုင်စင်များပြုလုပ်၍ စနစ်တကျပြေးဆွဲနိုင်ရန်အတွက် စည်းကမ်းနှင့်အညီ စင်းလုံးငှား ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ​ကြောင်း၊ ပြည်နယ်အတွင်း ပြေးဆွဲလျက်ရှိသည့် သုံးဘီးယာဉ်များအနေဖြင့် အချို့သုံးဘီးယာဉ်များမှာ အငှားယာဉ် မှတ်ပုံတင်ထားခြင်းမရှိဘဲ ပြေးဆွဲနေခြင်းမရှိ​စေ​ရေး၊ မှတ်ပုံတင်ထားသည့် သုံးဘီးယာဉ်များ တပြေးညီဖြစ်စေရန်နှင့် ပြည်နယ်မြို့တော်အင်္ဂါရပ် နှင့်အညီ ယာဉ်အန္တရာယ် ကင်းရှင်းစွာ သွားလာစေရေး၊ ဥပဒေနှင့်အညီစနစ်တကျသွားလာစေရေးအတွက် အငှားယာဉ်ဂိတ်များ ထားရှိပြေးဆွဲနိုင်​ရေး ​ဆောင်ရွက်ကြရန်လိုအပ်သလို စင်းလုံးငှားသုံးဘီးယာဉ်များအား ဂိတ်များအလိုက် ဖြန့်ခွဲ၍ စနစ်တကျ ပြေးဆွဲနိုင်ရန် ဂိတ်အလိုက် သင်္ကေတအမှတ်အသား များဖြင့် ဆောင်ရွက်ကြရန်လို​ကြောင်း၊ သုံးဘီးယာဉ်များအား အငှားယာဉ်ဆောင်ရွက်နိုင်ရန် လက်ကမ်း စာစောင်များ ဖြန့်ဝေ၍ အသိပေး​ဆောင်ရွက်ကြစေလိုပြီး သတ်မှတ်ချက်များနှင့်အညီ ပြေးဆွဲလုပ်ကိုင်၍ ဆောင်ရွက်ရန်  လိုအပ်​ပါ​ကြောင်း၊ ခရီးသွားပြည်သူများ စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေး၊ အလွယ်တကူငှားရမ်းနိုင်ရေး ဆက်သွယ်ဆောင်ရွက် ပေးခြင်းနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေး၊ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီတို့မှ ကြီးကြပ်​ဆောင်ရွက်​ပေးကြရန်နှင့် သုံးဘီးယာဉ်ပိုင်ရှင် များမှလည်း ကိုယ်စီကိုယ်ငှ စည်းကမ်းလိုက်နာ​ပေးကြရန် တိုက်တွန်းလို​ကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး မွန်ပြည်နယ်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ မော်လမြိုင်မြို့နယ် စင်းလုံးငှားယာဉ်ငယ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၏ သုံးဘီးစင်းလုံးငှား ယာဉ်ဂိတ်ဖွင့်ပွဲအခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်ဝန်ကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ်​ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက သုံးဘီးဂိတ်နှင့် သုံးဘီးယာဥ်ဖြင့် လိုက်ပါစီးနင်းသည့် ခရီးသည်များအား လိုက်လံကြည့်ရှုအား​ပေး၍  အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အများပြည်သူ စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်ကြစေရေး ဆောင်ရွက်ကြရန် လို​ကြောင်း၊ ယဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း​စေ​ရေး စနစ်တကျ​ဆောင်ရွက်ကြရန်နှင့် ယဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာကြ​စေ​ရေး  ​ကြပ်မတ်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။
အဲဒီ​နောက် ပြည်နယ်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီရုံး၌ ပို့​ဆောင်​ရေး၊ စီမံကိန်းဦးစီးဌာန၊ ဒုတိယညွှန်ကြား​ရေးမှုးက မွန်ပြည်နယ်၊ ​မော်လမြိုင်မြို့ရှိ စင်းလုံးငှားဂိတ်ဖွင့်လှစ်​ဆောင်ရွက်ထားသည့် လုပ်ငန်းအ​ခြေအ​နေများ၊ ဆက်လက်​ဆောင်ရွက်မည့် လုပ်ငန်းအ​ခြေအ​နေများအား ရှင်းလင်းတင်ပြခဲ့မှုအ​ပေါ် တာဝန်ရှိသူများမှ ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ် ဝန်ကြီးများက ဝိုင်းဝန်းဆွေးနွေးအကြံပြုကြပြီး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည်းဆည်းဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ် အ​နေဖြင့် အ​ဝေး​ပြေးယဉ်ရပ်နားစခန်း ( လှိုင်)အပါအဝင်၊ ရွှေလမင်းဆေးရုံ၊ ဈေးကြီး (အပေါ်စျေး)၊ဈေးကြီး (အောက်စျး)၊ဈေးကြိုအဝေးပြေးကားဝင်း (အဝင်ဝ)၊မော်လမြိုင်တက္ကသိုလ်၊ အထွေထွေဆေးရုံကြီး၊စသည့်နေရာများတွင် ဂိတ်ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ် ပြီး မြို့နယ်အသီးသီးတွင်လည်း ဂိတ်ဖွင့်လှစ် ဆက်လက်​ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ခုနှစ်၊မိုးစပါးရာသီရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးဧကများအပေါ်မျိုးစပါး ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယ​နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ၂ဝ၂၃ခုနှစ်၊ ဇူလိုင်လကုန်နှင့် ဩဂုတ်လဆန်း ပိုင်းတွင် မိုးများအဆက်မပြတ် သည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မွန်ပြည်နယ် အတွင်း မြို့နယ်အချို့တွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ပြီး မိုးစပါး စိုက်ခင်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် တောင်သူများအား လတ်တလော အနေဖြင့် အလျှင်အမြန် ဖာထေးစိုက်ပျိုးရန်အတွက် မျိုးစပါးများ ထောက်ပံ့ ပေးအပ်ရခြင်း ဖြစ်ပါ​ကြောင်း၊ မွန်ပြည်နယ်အတွင်း အသားတင် စိုက်ပျိုးနိုင်သော မြေဧရိယာများစွာရှိပြီး စားနပ်ရိက္ခာဖူလုံရေးအတွက် (၂၀၂၂-၂၀၂၃ ခုနှစ်) တွင် စပါးစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် မိုးစပါး (၆၉၅,၆၁၀)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အထွက်တင်းပေါင်း (၄၄,၂၄၉,၁၆၇)တင်း၊ နွေစပါး (၄၅,၆၂၈)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အထွက်တင်းပေါင်း (၃,၅၃၀,၀၀၄)တင်း စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ သလို ဆီထွက်သီးနှံများ၊ ပဲမျိုးစုံ၊ ရာသီ သီးနှံများကိုလည်း ရည်မှန်းချက်ထက် ကျော်လွန်​စေ​ရေး ​ဆောင်ရွက်သွားကြမည်ဖြစ်​ကြောင်း၊ ရာသီဥတုပြောင်းလဲမှု ဒဏ်ခံနိုင်မှု နည်းသဖြင့် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုး၍ ပြည်နယ်အတွင်း ဆန်စပါးအပါဝင် ဆီထွက်သီးနှံများ အထွက်နှုန်း မြင့်မားပြီး​စေ​ရေး စိုက်ပျိုး​ပေးကြ​ရန် လို​အပ်ကြောင်း၊  လယ်ယာထွက်ကုန် သီးနှံများထက် ရာသီဥတုပြောင်းလဲမှု ဒဏ်ခံနိုင်မှု နည်းသဖြင့် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုး၍ အထွက်အထွက်နှုန်း မြင့်မားပြီး ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေး၊ စားနပ်ရိက္ခာ ဖူလုံစေရေး အတွက် သီးနှံတစ်မျိုးချင်းအလိုက်၊ ရာသီအလိုက်၊ ဒေသအလိုက် လုပ်ငန်း အစီအမံများ ချမှတ်ဆောင်ရွက်​ပေးကြရန်လည်း လိုအပ်​ပါကြောင်း၊ ပြည်နယ်အတွင်းစားသုံးမှုဖူလုံရေး၊ ​တောင်သူများအ​နေဖြင့် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် လျာထားစိုက်ဧက ပြည့်မီရန် နှင့် တစ်ဧက အထွက်နှုန်းတိုးတက်ရန်အတွက် ဆောင်ရွက်လျက်ရှိရာ သီးနှံ များ၏ စိုက်ဧကပြည့်မီရေး၊ အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်ရေးတို့ အတွက် စိုက်ပျိုးထုတ်လုပ်နိုင်​ရေး ​ဆောင်ရွက်​ပေးကြပါရန် တိုက်တွန်းလို​ကြောင်းဖြင့် ​ပြောကြားသည်။
ဆက်လက်ပြီးပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးတို့က ကျိုက်မရောမြို့နယ်နှင့် ပေါင်မြို့နယ်အား မျိုးစပါးများ အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ရာ တောင်သူများက လက်ခံရယူပြီး ရေကြီးနစ်မြုပ်ပျက်စီးသွားသော တောင်သူများ အနက် တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်​တောင်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အား​ပေး၍ ခင်းကျင်းပြသထားသည့် သဘာဝဓာတ်မြေ သြဇာနှင့် မျိုးစပါးများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
မွန်ပြည်နယ်အတွင်း၂၀၂၃-၂၀၂၄ခုနှစ်၊မိုးစပါးရာသီရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးဧကများအပေါ် အချိန်မီ ပြန်လည်ဖာထေးစိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်) အစီအစဉ်ဖြင့် စုဆောင်းထားရှိသော အရံ မျိုးစပါး ရက်(၉၀) မျိုးတင်းပေါင်း (၁,၀၀၀)အား ရေကြီးနစ်မြုပ်မှု ဧရိယာနည်းသည့် ကျိုက်မရောမြို့နယ်နှင့် ပေါင်မြို့နယ်ရှိ တောင်သူများအား ကနဦး ထောက်ပံပေးအပ်ခဲ့​ကြောင်းသိရှိရသည်။

You may also like