Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်း အစိုးရ စက်မှုလက်မှုသိပ္ပံ (မော်လမြိုင်) မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားနှင့် ၂ဝ၂၃-၂ဝ၂၄ ခုနှစ်၊ နွေစပါး သီးနှံအား ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာများဖြင့် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲနှင့် မြေဩဇာထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်း အစိုးရ စက်မှုလက်မှုသိပ္ပံ (မော်လမြိုင်) မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားနှင့် ၂ဝ၂၃-၂ဝ၂၄ ခုနှစ်၊ နွေစပါး သီးနှံအား ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာများဖြင့် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲနှင့် မြေဩဇာထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနား တက်ရောက်

by Mon Editor

မော်လမြိုင်   ဇန်နဝါရီ   ၁၀

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အစိုးရစက်မှုလက်မှုသိပ္ပံ (မော်လမြိုင်) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၀ရက်နေ့ နံနက်ပိုင်းက အဆိုပါ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)ဟာ မွန်ပြည်နယ်ရဲ့တစ်ခုတည်းသော အစိုးရစက်မှုလက်မှုသိပ္ပံဖြစ်၍ ကျောင်းသား၊ ကျောင်းသူ၊ မောင်မယ်တို့အနေနဲ့ အင်ဂျင်နီယာပညာသင်ယူမှု အခွင့်အလမ်းများရရှိပြီး အလုပ်အကိုင်အခွင့်အလမ်းရရှိ စေရေးအတွက် ဦးတည်ဆောင်ရွက်နေတာဖြစ်‌ကြောင်း၊ နိုင်ငံတော်၏ အမျိုးသားရေး မူဝါဒနှစ်ရပ်မှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဖြစ်သည့် အတွက် နိုင်ငံ့လူဦးရေ ၏ ၇၀ ရာခိုင်နှုန်းခန့် အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ . စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ပြီး ကုန်ထုတ် စွမ်းအားမြင့်မားလာဖို့အတွက် အင်ဂျင်နီယာပညာရပ်ဟာ အရေးပါလှပါကြောင်း၊ နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်သည် အဓိက လိုအပ်ချက်ဖြစ်သည့်အတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်နှင့် ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်တဲ့ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းတွေကို တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ယနေ့ခေတ်သည် Al (Artificial Intelligent ( ခေတ်ဖြစ်သလို ခေတ်ပညာတွေကို မျက်ခြေမပြတ်‌‌စေရန်နှင့် မိမိတို့ ယဉ်ကျေးမှုဓလေ့ထုံးစံကိုလည်း ထိန်းသိမ်းကြရန် တိုက်တွန်းလို‌ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ မောင်မယ်တို့ဟာ ဗလ(၅)တန် စွမ်းပကား (၅)မျိုးဖြစ်တဲ့ ကာယဗလ-ကိုယ်ကာယကြံ့ခိုင်သန်စွမ်းမှု စွမ်းပကား၊ ဉာဏဗလ- အသိဉာဏ် ပညာစွမ်းပကား၊ စာရိတ္တဗလ-ကိုယ်ကျင့်တရား ကျင့်ဝတ်သီလစောင့်ထိန်းနိုင်မှုစွမ်းပကား၊ မိတ္တဗလ-ကောင်းသော မိတ်ဆွေခင်ပွန်းများ ဖွဲ့စည်းနိုင်မှု စွမ်းပကား၊ ဘောဂဗလ-ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာမှုကို ဖန်တီးနိုင်မှုစွမ်းပကားများနှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်ကြဖို့လိုပါကြောင်း၊ ဗလငါးတန်ပြည့်စုံသည့် လူငယ်လူရွယ်များမွေးထုတ်ရာမှာ ဆရာ၊ ဆရာမများသည် အဓိကကျသည့် အခန်းကဏ္ဍက ပါဝင်တဲ့အတွက် ဆရာ၊ ဆရာမများအနေနဲ့လည်း ပညာ တတ်မြောက်ရေး သာမက သွန်သင်ဆုံးမလမ်းမှန် ညွှန်ပြမှုကောင်းဖို့ လိုအပ်မှာဖြစ်ကြောင်း၊ ဒါမှသာ အနာဂတ်တွင် နိုင်ငံတော်က အားကိုးအားထားပြုရတဲ့ အရည်အချင်း ပြည့်ဝသော လူငယ်လူရွယ်များ ပေါ်ထွက်လာမှာဖြစ်ကြောင်း၊ မိမိကိုယ်ကို ကောင်းအောင် ကြိုးစားကြပါ။ မိမိကောင်းမှ မိသားစု အကျိုး ရပ်ကျိုးရွာကျိုး၊ တိုင်းကျိုးပြည်ကျိုးအထိ တိုးတက်ဖွံ့ဖြိုးအောင် ပံ့ပိုးဖော်ဆောင်ပေးနိုင်မယ့် အသိပညာရှင်၊ အတတ်ပညာရှင်တွေဖြစ်အောင် ကြိုးစားကြစေလို ကြောင်း မှာကြားသည်။

ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ (မော်လမြိုင်) ကျောင်းအုပ်ဆရာကြီး ဒေါက်တာဖြိုးဝေလင်းက ကျောင်းနှင့် ပက်သက်သည့်အကြောင်းအရာ များကို ရှင်းလင်းတင်ပြပြီး အစိုးရစက်မှုလက်မှု သိပ္ပံ(မော်လမြိုင်)မှ ကျောင်းသား၊ ကျောင်းသူများ၏ အက၊ အလှများဖြင့် ဖျော်ဖြေတင်ဆက် နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည်ရှုအားပေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အစိုးရစက်မှုလက်မှုသိပ္ပံ (မော်လမြိုင်)အတွက် ထောက်ပံ့ ငွေနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ် ခဲ့ရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူပြီး တက်ရောက်လာသော ကျောင်းသူ၊ ကျောင်းသားလေးများအား ရင်းရင်းနှီးနှီး လိုက်လံအားပေး နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းက ပေါင်မြို့နယ် ရွာတန်းရှည် ကျေးရွာအုပ်စု၊ တောင်သူဦးဟန်ဝင်းအောင် လယ်မြေ၌ ကျင်းပပြုလုပ်သည့်၂ဝ၂၃-၂ဝ၂၄ ခုနှစ်၊ နွေစပါးသီးနှံအား ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာများဖြင့် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲ နှင့် မြေဩဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးမှ ပေါင်မြို့နယ်၏ ဆောင်းသီးနှံ/ နွေစပါး စိုက်ပျိုးထားရှိမှုအခြေအနေများအား လည်းကောင်း၊ စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ နွေစပါးသီးနှံအား ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းနှင့် မျိုးစေ့ချကိရိယာဖြင့်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများအား လည်းကောင်း၊ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဌေးက ကတိုက်ရေလှောင်တမံနှင့် ရင်းငြိမ်ရေထိန်းတံခါးတို့မှ ဆည်ရေပေးဝေမှုနှင့် ရေထိန်းတံခါးမှ ရေသိုလှောင်ထားရှိမှုတို့အား  ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက လုပ်သားအင်အားရှားပါမှုကို ကျော်လွှား နိုင်ရန်အတွက် မိရိုးဖလာ စိုက်ပျိုးခြင်းထက် လယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာ အစားထိုးအသုံးပြုနိုင်ကြရန် လိုအပ်ကြောင်း၊ တောင်သူများအနေဖြင့် မိမိရေမြေ ဒေသနှင့် ကိုက်ညီပြီး မျိုးကောင်းမျိုးသန့်များ အသုံးပြုကာ သဘာဝမြေသြဇာများနှင့် ဓာတ်မြေသြဇာများ အချိန်ကိုက် အချိုးချ စနစ်တကျ ထွန်ယက်စိုက်ပျိုးကာ ရာသီ အချိန်မှီ စိုက်ပျိုးသင့်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ စက်ကိရိယာများ၊ စက်မှုလယ်ယာဦးစီးဌာနပိုင် စက်ကိရိယာများဖြင့် စိုက်ပျိုးခြင်း၊ ရိတ်သိမ်း ချွေလှေ့ခြင်း လုပ်ငန်းများအား ဝိုင်းဝန်းကူညီ ဆောင်ရွက်ကာ ဒုတိယ သီးနှံ(သီးထပ်)စိုက်ဧက တိုးတက်စေရန် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ မွန်ပြည်နယ် အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေဖို့အတွက် သီးနှံအထွက်နှုန်း တိုးတက်ရေး သာမက အရည်အသွေး ကောင်းမွန်တဲ့ ထုတ်ကုန်များ ထုတ်လုပ်ပြီး တောင်သူများ ဝင်ငွေတိုးစေဖို့အဖက်ဖက်က ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စားနပ်ရိက္ခာ ဖူလုံရန်အတွက် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားအောင် ဆောင်ရွက်လျက်ရှိသော တောင်သူများမှလည်း အင်တိုက်အားတိုက် ကြိုးစားဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက် အကျိုးပြုသလို တောင်သူများအတွက် လူမှုစီးပွားဘဝများလည်း မြင့်မားလာမှာ ဖြစ်ပါကြောင်းပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ယူရီးယားဓာတ်မြေသြဇာနှင့် ရွှေဇီဝအားဖြည့်ကွန်ပေါင်း သဘာဝဇီဝမြေသြဇာများကို တက်ရောက်လာသော တောင်သူများအား ထောက်ပံ့ပေးအပ်ပြီး ဒေသခံတောင်သူများမှ စိုက်ပျိုးရေအား နည်းလမ်းပေါင်းစုံမှ ရရှိနိုင်ရေး ဆောင်ရွက် ပေးစေလိုမှု၊ စိုက်ပျိုးရေးအတွက် လိုအပ်သည့် သွင်းအားစုများ ထောက်ပံ့ ပေးလိုမှု၊ ရေနုတ်မြောင်းများအချိန်မှီ တူးဖော်ပေးလိုမှု အခြေအနေများ အား တင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နွေစပါးသီးနှံအား ကူဘိုတာခြောက်တန်းသွားကောက်စိုက်စက်ဖြင့် လည်းကောင်း၊ တန်ဘိုးနည်း(၆)တန်းသွား လက်ဆွဲ စက်ဖြင့် စိုက်ပျိုးပြသခြင်းနှင့် ရှစ်တန်းသွားလက်ဆွဲ စပါးမျိုးစေ့ချကိရိယာဖြင့် လက်တွေ့သရုပ်ပြသနေမှုအား ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်သည် တက်ရောက်လာသော တောင်သူများနှင့်အတူ ကောက်စိုက်စက် ပျိုးဗန်းဖြင့် ပျိုးထောင်ပုံအဆင့်ဆင့် နှင့် လယ်ယာသုံး စက်ကိရိယာများ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။

You may also like