Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မွန်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ အလှူငွေများ လှူဒါန်းပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မွန်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ အလှူငွေများ လှူဒါန်းပွဲ အခမ်းအနားတက်ရောက်

by Mon Editor

မော်လမြိုင်    ဇန်နဝါရီ    ၁၁

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မွန်ပြည်နယ် အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများသို့ အလှူငွေများ လှူဒါန်းပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ရွှေမြိုင်သီရိရပ်ကွက်၊ ဓမ္မသုခဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသော ဧည့်ပရိသတ် အပေါင်းတို့က နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်၊ ဓမ္မသုခ ဘုန်းတော်ကြီးသင်ပညာရေး မူလွန် ကျောင်းဥက္ကဋ္ဌ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တနာရဒထံမှ ငါးပါသီလခံယူဆောက်တည်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆရာတော်ထံ လှူဖွယ် ပစ္စည်းများနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဓမ္မသုခကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၄၅ ဦးအတွက် လှူဒါန်းငွေ ကျပ် ၄၃ သိန်း ၅သောင်းကို လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော စားသုံးဆီ(၁၀၀)ဗူးနှင့် ခေါက်ဆွဲခြောက်ဖာ(၁၀၀)ကို လည်းကောင်း ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ကြကာ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနက နယ်စပ်ဒေသများတွင် ဘာသာသာသနာ ထွန်းကား ပြန့်ပွားရေး အတွက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို ထောက်ပံ့လှူဒါန်း လျက်ရှိရာ ယခုနှစ် တွင် မွန်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၅ ကျောင်းရှိ ကျောင်းသား ကျောင်းသူ ၆၅၁ ဦးအတွက် ကျပ် ၁၉၅ သိန်း ၃ သောင်း  (၁၉၅၃၀၀၀၀/-) ကို ပေးအပ်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရှိရသည်။

You may also like