Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သာမညစကြာတောင်  ဆရာတော် ဘဒ္ဒန္တ သောဘန” အား ဖူးမြှော်ကြည်ညို၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)မှ ဆက်ကပ် လှူဒါန်းသော ဘွဲ့တံဆိပ်တော်များ၊ ဂုဏ်ရည်ဘွဲ့များ ဆက်ကပ်ချီးမြှင့်ခြင်း မင်္ဂလာအခမ်းအနား တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သာမညစကြာတောင်  ဆရာတော် ဘဒ္ဒန္တ သောဘန” အား ဖူးမြှော်ကြည်ညို၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)မှ ဆက်ကပ် လှူဒါန်းသော ဘွဲ့တံဆိပ်တော်များ၊ ဂုဏ်ရည်ဘွဲ့များ ဆက်ကပ်ချီးမြှင့်ခြင်း မင်္ဂလာအခမ်းအနား တက်ရောက်

by Mon Editor

မော်လမြိုင်၊ ဇန်နဝါရီ (၁၄) 

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဇန်နဝါရီ ၁၄ရက်နေ့ နံနက်ပိုင်းတွင်မော်လမြိုင်မြို့ ရိုးဂိုးကျေးရွာ သာမညစကြာတောင် ဝိသုံဂါမ သိမ်သမုတ်မင်္ဂလာနှင့် သာမညမိုးကုတ် သာမညစင်္ကြာတောင် ဆရာတော်၏ ဝိဇာတ မွေးနေ့ မင်္ဂလာအခမ်းအနားသို့တက်ရောက်ပြီး  ရှေးဦးစွာ ဆုတောင်းပြည့် စကြာအေး မိုးပျံ ပဌမံ ပြဒါးရှင် ကိုးနဝင်း ဓါတုစေတီတော်အားဖူး‌မြှော်ကြည်ညို၍ သာမညစကြာတောင်  ဆရာတော် အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ သာသနာပြုနယ်လှည့်ဓမ္မကထိက  ”ဘဒ္ဒန္တသောဘန”အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှုဒါန်းခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မော်လမြိုင်မြို့ လေးကျွန်းသစ္စာရှင်နဂါးမောက် စေတီတော်မြတ်ကြီး၌မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓကလျာဏယုဝအသင်းကြီး YMBA(ဗဟို)မှ ချီးမြင့် ဆပ်ကပ်သောဘွဲ့တံဆိပ်ရဆရာတော်ကြီးများအား နေဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။

ဆက်လက်၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) မှ ဆက်ကပ်လှူဒါန်းသော ဘွဲ့တံဆိပ်တော်များ၊ ဂုဏ်ရည်ဘွဲ့များ ဆက်ကပ်ချီးမြှင့်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက် ပရိယတ္တိဓမ္မာဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် အသင်းဝင်များ၊ ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းခံရသည့် လူပုဂ္ဂိုလ်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟိုဥက္ကဌ) အဂ္ဂမဟာမင်္ဂလ ဓမ္မဇောတိကဓဇ သီရိသုဓမ္မမဏိဇောတဓရ ဦးရဲထွန်း(ကိုယ်စား) ဗဟိုတွဲဘက်အတွင်းရေးမှူး မင်္ဂလဓမ္မဇောတိကဓဇ ဦးပြည်စိုးဟန်မှ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော် လှူဒါန်းချီးမြှင့်ရခြင်းအကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းလျှောက်ထားကာ၊  ပြည်နယ်ဝန်ကြီးချုပ် မဟာမင်္ဂလဓမ္မဇောတိကဓဇ ဦးအောင်ကြည်သိန်းက မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ မြဆရာတော်အား ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)မှ လှူဒါန်းပူဇော်သော အဘိဓဇအဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်နှင့် လူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်ခဲ့သည်။

ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟိုဥက္ကဌ)၊  ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)မှ ဆက်ကပ်လှူဒါန်းပူဇော်သော အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ၊ မဟာမင်္ဂလ ဓမ္မဇောတိကဓဇနှင့် မင်္ဂလဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ဝတ္ထုပစည်းများအား ဆရာတော်ကြီး (၁၅)ပါး အား ဆက်ကပ်လှူဒါန်း ပူဇော်ခဲ့သည်။

ဆက်လက်၍ မင်္ဂလ ဓမ္မဇောတိကဓဇ၊ မင်္ဂလ ဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်တော် ရရှိသည့် လူပုဂ္ဂိုလ် (၁၀)ဦးနှင့် အမျိုး ဘာသာ သာသနာ ပညာ အကျိုးအတွက် စစ်မှန်သော စေတနာဖြင့် ကိုယ်ကျိုးမဖတ် အနစ်နာခံ၍ မိမိအသက်ကို ပဓာနမထားဘဲ တာဝန်ထမ်းဆောင်ခဲ့သည် လူပုဂ္ဂိုလ်(၁၁)ဦးအား YMBA ဂုဏ်ရည်ဘွဲ့တံဆိပ်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ချီးမြှင့်အပ်နှင်းခဲ့ကြသည်။

ယင်းနောက် မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဝိမလဗုဒ္ဓိ၊ ဒုတိယမြိုင်ကြီးငူဆရာတော်ကြီး ဘဒ္ဒန္တဉာဏိတနှင့် ကျိုက်ထီးဆောင်း ဒုတိယဒီပဆရာတော် ဒေါက်တာဘဒ္ဒန္တနာဂဒီပ ဆရာတော်ကြီးများထံမှ သြဝါဒတရား နာယူ၍ လှူဒါန်းမှုအစုစုအတွက်  ရေစက်သွန်းချ အမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

You may also like