Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း  (Pfizer) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံနေမှု ကြည့်ရှုအားပေး

မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း  (Pfizer) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံနေမှု ကြည့်ရှုအားပေး

by Mon Editor

မော်လမြိုင်၊ ဇန်နဝါရီ ၁၅

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်း ကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေးဘာသာမရွေး ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊နာတာရှည် ရောဂါအခံရှိသူများ၊  ပြည်သူများ၊ အသက်(၅)နှစ်မှ(၁၂)နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ်တန်း နှင့် အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ မော်လမြိုင် ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ပိုင်းတွင် (Pfizer) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ကြီးရွယ်အိုဘိုးဘွားများ၊ ဌာနဆိုင်ရာများ နှင့် ကျန်းမာရေးဝန်ထမ်းများအား မော်လမြိုင်အထွေထွေရောဂါကု ဆေးရုံကြီးနှင့် အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံကြီး (မော်လမြိုင်မြို့) တို့၌ ထိုးနှံဆောင်ရွက်ခဲ့ကြသည်။ 

  (Pfizer) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံခြင်းကို ကျန်းမာရေး ဝန်ထမ်းများ၊ ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့်ဒေသခံ ပြည်သူများက မော်လမြိုင်အထွေထွေရောဂါကု ဆေးရုံကြီး၊ အမျိုးသမီး နှင့်ကလေးဆေးရုံကြီးများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်ပေး‌နေမှုကို ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြများနှင့်တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးပြီး   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းကို  ဌာနဆိုင်ရာဝန်ထမ်း များ၊ ဒေသခံပြည်သူများအား ဦးတည်အုပ်စုများအတိုင်း ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

You may also like