Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင် များအား တွေ့ဆုံ၍ ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်၊ အားကစားနှင့် ကာယပညာ သိပ္ပံ(မော်လမြိုင်)၏ အထူးနေ့လယ်စာစားပွဲ အခမ်းအနားနှင့် ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်ခြင်းနှင့် တစ်ဆင့်မြှင့်ရာထူးတိုးမြှင့် ပေးခြင်း ဂုဏ်ပြုအခမ်းအနားတက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင် များအား တွေ့ဆုံ၍ ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်၊ အားကစားနှင့် ကာယပညာ သိပ္ပံ(မော်လမြိုင်)၏ အထူးနေ့လယ်စာစားပွဲ အခမ်းအနားနှင့် ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်ခြင်းနှင့် တစ်ဆင့်မြှင့်ရာထူးတိုးမြှင့် ပေးခြင်း ဂုဏ်ပြုအခမ်းအနားတက်ရောက်

by Mon Editor

မော်လမြိုင် ဇန်နဝါရီ၂၉

မွန်ပြည်နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်းနှင့် တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည် များအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်းနှင့် တာဝန်ရှိ သူများက ညှိနှိုင်းဆောင်ရွက်ပေးပြီး ထောက်ပံ့ငွေ၊ ဆန်၊ ဆီ၊ စားသောက် ဖွယ်ရာများနှင့် အသုံးအဆောင် ပစ္စည်းများအား ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူ များကလက်ခံရယူ၍ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့သည်။ 

မွန်ပြည်နယ်အနေဖြင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ဦးတည်၍ ပြည်နယ်အတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်)မှ သင်တန်းသား သင်တန်းသူများအား မိသားစုသဖွယ် ချစ်ခင်လေးစား ဂုဏ်ပြုသောအားဖြင့် အားကစားနှင့် ကာယပညာသိပ္ပံ(မော်လမြိုင်)၏ အထူး နေ့လယ်စာစားပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၉ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မင်းရွာ ကျေးရွာရှိ အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာ သိပ္ပံ(မော်လမြိုင်)မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

ဦးစွာ အခမ်အနားတွင် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) ကျောင်းအကျိုး‌‌တော်ဆောင် အဖွဲ့နာယက  ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်)မှာတက်ရောက်လျက်ရှိတဲ့ သင်တန်းသား/သင်တန်း သူများအနေနဲ့ မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေး အတွက်နိုင်ငံတကာ၏အလယ်တွင် အားကစားဖြင့် နိုင်ငံ၏ ဂုဏ်ကို မြှင့်တင် ဆောင်ရွက်နိုင်သူများဖြစ်အောင် စိတ်ဓာတ်မြင့်မားစွာထားရှိကြရန် လိုအပ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ တက်ရောက်လျက်ရှိတဲ့ သင်တန်းသား/သင်တန်းသူများ အနေဖြင့် လည်း ကောင်းမွန်တဲ့အစဉ်အလာရှိတဲ့ မိမိတို့ကျောင်းရဲ့ဂုဏ်ကို ယခုထက် ပိုမိုမြှင့်တင်နိုင်အောင် သင်ကြား ပြသရသော နည်းပြဆရာများအနေဖြင့်လည်း စေတနာ၊ဝါသနာ၊ အနစ်နာ၊ ကရုဏာ၊ အကြင်နာဟူသော နာ(၅)နာကို လက်ကိုင်ထား၍ မိမိတို့တပည့် သားသမီးများ အစဉ်တိုးတက်ရေးကို ကြိုးစားသွန်သင်လေ့ကျင့် ဆောင်ရွက်ပေးကြရန်နှင့် သင်တန်းသား/သင်တန်းသူများအနေဖြင့် လည်း ထူးချွန်ထက်မြက်တဲ့ အားကစားသမားကောင်းတွေ ဖြစ်လာစေဖို့အတွက် ဇွဲ၊လုံ့လ၊ ဝီရိယ စိုက်ထုတ်ပြီး ကြိုးစားလေ့ကျင့်သင်ယူကြရန်နှင့် ပညာရေးတွင်လည်း ထူးချွန်ထက်မြက်သူများ ဖြစ်လာဖို့ အပတ်တကုတ် ကြိုးစားသင်ယူကြစေလိုပြီးထူးချွန်တဲ့ နိုင်ငံ့ဂုဏ်ဆောင် ပညာတတ် အားကစားသမားကောင်းများဖြစ်လာအောင် အစွမ်းကုန်ကြိုးစားကြစေလိုကြောင်း တိုက်တွန်း မှာကြားသည်။ 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူ၊ သင်တန်းသားများအတွက် ထောက်ပံ့လှူဒါန်း ငွေကျပ်(၅)သိန်းပေးအပ်ခဲ့မှုအပေါ် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) ကျောင်းအုပ်ကြီးမှ လက်ခံရယူပြီး တက်ရောက်လာသော သင်တန်းသား သင်တန်းသူများနှင့် နေ့လယ်စာအား ချစ်ကြည်ရင်းနှီးစွာ အတူတကွ သုံးဆောင်ခဲ့သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အားကစားနည်း(၆)နည်း၊ သင်တန်းသား/သင်တန်းသူ (၁၁၂)ဦးဖြင့် ကရင်ပြည်နယ်မှ (၁၉)ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ (၁၈)ဦး၊ မွန်ပြည်နယ်မှ (၇၅)ဦးတို့ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရှိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ် သော မွန်ပြည်နယ်ရဲတပ်ဖွဲ့ ဂုဏ်ထူးဆောင် တံဆိပ်ချီးမြှင့်ခြင်းနှင့် တစ်ဆင့်မြှင့်ရာထူးတိုးမြှင့်ပေး ခြင်း ဂုဏ်ပြုအခမ်းအနားသို့ တက်ရောက်ပြီး ေရှးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များသည်၁၀-၁၁-၂၀၂၃ ရက်နေ့ မှ၂၉-၁၂-၂ဝ၂၃ ရက်နေ့အထိ ရက်(၅၀) ကြာမြင့်သည့်တိုင်အောင် ရန်သူအားမဆုပ်မနစ်သော ဇွဲလုံးလ၊ စိတ်ဓါတ်ကြံ့ခိုင် ကောင်းမွန်မှုတို့ဖြင့် ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ခဲ့၍ ချောင်းနှစ်ခွနယ်မြေ ရဲစခန်းနှင့် အတ္ထရံတံတား(ချောင်းနှစ်ခွ)တို့အား နယ်မြေစိုးမိုးထိန်းချုပ်နိုင်ခဲ့ကာ မိမိရည်မှန်းချက်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့၍ နိုင်ငံတော်မှထိုက်တန်သည့် ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များနှင့် တစ်ဆင့်မြင့်ရာထူးများအား အသီးသီးဂုဏ်ပြုချီးမြှင့်ပေးခဲ့ရာ ရဲသူရတံဆိပ်ရ ရဲတပ်ဖွဲ့ဝင်(၁)ဦး၊ ရဲဗလတံဆိပ်ရ ရဲတပ်ဖွဲ့ဝင်(၁၁)ဦး၊ စုစုပေါင်းရဲတပ်ဖွဲ့ဝင် (၁၂)ဦးတို့အား ချီးမြှင့်ပေးခဲ့ကြောင်း၊ ချောင်းနှစ်ခွ နယ်မြေရဲစခန်းဖြစ်စဉ်တွင် တိုက်ပွဲဝင်ခဲ့သည့် တပ်မတော်/ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မလျော့သောဇွဲ၊ လုံးလ၊ ဝိရိယတို့ဖြင့် မိမိတို့ရဲ့ အသက် ကိုပဓါဏမထားဘဲ ကြံ့ခိုင်သောစိတ်ဓါတ်၊ ပူးပေါင်းစည်းလုံးညီညွတ်မှု၊ အမိန့်နာခံမှုတို့ဖြင့် စုစည်း၍ ရန်သူအား ရွပ်ရွပ်ချွံချွံခုခံတိုက်ခိုက် အောင်ပွဲရရှိခဲ့သဖြင့် ဂုဏ်ပြုချီးကျူးအသိအမှတ်ပြုမှတ်တမ်းတင်ပါကြောင်းနှင့် အလားတူဖြစ်စဉ်မျိုး ဖြစ်ပွားလာပါက ရဲတပ်ဖွဲ့ဝင်များအနေဖြင့် စွန့်လွှတ်စွန့်စားသည့် စိတ်ဓါတ်ဖြင့် ယခုတပ်ဖွဲ့ဝင်များရဲ့ နမူနာကိုယူပြီး ရွပ်ရွပ်ချွံချွံဖြင့် ဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်မှူး ဗိုလ်မှူးချုပ် စိုးမင်းမှ ဂုဏ်ပြုအမှာစကား ပြောကြားပြီး မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ဂုဏ်ထူးဆောင် တံဆိပ်နှင့် တစ်ဆင့်မြင့် ရာထူးတိုး မြှင့်ခြင်း ခံရသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တစ်ဆင့်မြင့်ရာထူး တပ်ဆင်ပေးခြင်းနှင့် ဂုဏ်ထူးဆောင်တံဆိပ်များအား အသီးသီးချီးမြှင့်ပေးအပ် ခဲ့ကြောင်း သိရရှိသည်။

You may also like