Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်             

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်             

by Mon Editor

မော်လမြိုင် ဇန်နဝါရီ ၃၁       

၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကိုမွန်ပြည်နယ် မော်လမြိုင်မြို့၌ အောင်မြင်စွာကျင်းပနိုင်ရေး  အတွက်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ကျင်းပရေးဦးစီးကော်မတီ နာယက၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက်(၅)ရပ်နှင့်အညီ နိုင်ငံရေးအနှစ်သာရရှိရှိ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကျင်းပရေးလုပ်ငန်းကော်မတီများဖွဲ့စည်းထားရှိပြီဖြစ်ကြောင်း၊ နှစ်စဉ်ကျင်းပ လျက်ရှိသော အခမ်းအနားတစ်ခုဖြစ်သောကြောင့် သက်ဆိုင်ရာကော်မတီများ၊ ဆပ်ကော်မတီ များအနေဖြင့် ယခင်နှစ်များက အတွေ့အကြုံများကိုလေ့လာပြီး ချို့ယွင်းချက်၊ အားနည်းချက်နှင့် အခက်အခဲများမဖြစ်ပေါ်စေရေး၊ အချင်းချင်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ကျင်းပရေးလုပ်ငန်းကော်မတီများမှ ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ ကိုရှင်းလင်တင်ပြကြပြီး ကျင်းပရေးကော်မတီဝင် ဝန်ကြီးများက အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးကာနိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၄)ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲ ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံ မှု စုစုပေါင်း ၅၆ ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ်သန်းပေါင်း ၉၃၄၇၅၈.၂၄၈ နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃၇ ခု၊ အမေရိကန် ဒေါ်လာ ၅၁၃၆.၃၉၆ သန်းရှိနေပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄၄၈၇ ဦး ရရှိနေပြီလည်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏မူဝါဒအရ အားပေးမြှင့်တင်မယ့် စီးပွားရေးကဏ္ဍများအပြင် ဒေသခံ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာရေးနှင့် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ဝိုင်းဝန်းကြံဆဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်၊၊ 

ထို့နောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်မှ ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်းပြီး လုပ်ထုံး လုပ်နည်းများနှင့်အညီ ခွင့်ပြုချက်တင်ပြလာသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ခဲ့ပြီး၊ Min Oo Motor Myanmar Co., Ltd. ၏ ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်မှုဖြင့် နှစ်ဘီးသုံးဘီး မော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်းအား အတည်ပြုပေးနိုင်ရန် တင်ပြခြင်းနှင့် M Rubber Co., Ltd. ၏ ရာနှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် သဘာဝ ရာဘာများအား သန့်စင်အဆင့်မြှင့်တင်၍ ထုတ်လုပ်တင်ပို့ရောင်းချခြင်း လုပ်ငန်းအား တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြခြင်းများအပေါ် ပြည်နယ်ဝန်ကြီးများနှင့် ကော်မတီဝင်များမှ ဖြည့်စွက်ဆွေးနွေတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရှိရသည်။

You may also like