မော်လမြိုင်၊ မေ ၂၇
မွန်ပြည်နယ်အတွင်း အခြေခံပညာ စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားချိန်တွင် ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းပရဝုဏ်များ စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းသာယာလှပမှုရှိစေရေး အလေးထား ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မေလ ၂၇ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်း သာယာလှပစေရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်း ဆောင်ရွက်နေကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းများ စိမ်းလန်းစိုပြေမှုရှိစေရန်၊ စာသင်ကျောင်းများ ကျောင်းအင်္ဂါရပ်ကိုက်ညီစေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှစေရေး အလေးထားဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်သည် စာသင်ကျောင်းဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကျောင်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်အတွင်း၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာ စာသင်ကျောင်းများအလိုက် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရေး ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့၊ အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးနေမှု အခြေအနေများများကို ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးတို့မှ နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေပေးထားသည့် ကျောင်းသုံးပြဌာန်းစာအုပ်များ ၊ ဗလာစာအုပ်များ၊ မူလတန်းကျောင်းဝတ်စုံများနှင့် စာရေးကိရိယာ ပစ္စည်းများအား ကျောင်းသူ၊ ကျောင်းသားလေးများထံ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်သည့် ဆရာ၊ ဆရာမများကို ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကားပြောကြားခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့၊ အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်း၌ လည်းကောင်း၊ မော်လမြိုင်မြို့၊ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း၌ လည်းကောင်း ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးမှု အခြေအနေများအား ကြည့်ရှုအားပေးပြီး ကျောင်းသူ၊ ကျောင်းသားလေးများအတွက် ကျောင်းသုံးပြဌာန်းစာအုပ်များ ၊ ဗလာစာအုပ်များ၊ မူလတန်းကျောင်းဝတ်စုံများနှင့် စာရေးကိရိယာ ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကာ ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများအား ရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
အဲဒီကမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် မော်လမြိုင်မြို့၊ မော်လမြိုင်မြို့၊ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်ဆင့်တို့တွင် တက်ရောက်ပညာသင်ယူကြမည့် ကျောင်းသူ၊ ကျောင်းသားလေးများအား ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးနေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ကြပြီး
ကျောင်းသုံးပြဌာန်းစာအုပ်များ ၊ ဗလာစာအုပ်များ၊ မူလတန်းကျောင်းဝတ်စုံများနှင့် စာရေးကိရိယာ ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကျောင်းသူ၊ ကျောင်းသားများ စိတ််အေးချမ်းမြေ့စွာပညာသင်ကြားနိုင်ရန်၊ စာသင်ကျောင်းများ ဥပတိရုပ်ကောင်းမွန်ပြီး သန့်ရှင်း၍ စိမ်းလန်းစိုပြေမှုရှိစေရန်နှင့် ကျောင်းကျန်းမာရေးကိစ္စများကို ဆောင်ရွက်ပေးကြရန်လမ်းညွှန်မှာကြားကာ ပညာသစ်နှစ်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။








