Home နောက်ဆုံးရသတင်းများ ရန်ကုန် – မော်လမြိုင် ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည် ဖြတ်သန်းသွားလာနေမှု

ရန်ကုန် – မော်လမြိုင် ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည် ဖြတ်သန်းသွားလာနေမှု

by Mon Editor

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၉)ရက်နေ့ (၀၆၀၀) ချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘီးလင်း မြစ်ရေသည် (၁၀၉၅) စင်တီမီတာသို့ ရောက်ရှိနေပြီး ဘီးလင်းမြစ်၏ စိုးရိမ်ရေအမှတ်၊ (၁၀၂၂) စင်တီမီတာဖြစ်သည့်အတွက် စိုးရိမ်ရေအမှတ်ထက် (၇၃) စင်တီမီတာကျော်လွန်ကာ ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုကားလမ်းမကြီးပေါ်သို့ ရေလျှံတက်မှု ဖြစ်ပွားသဖြင့် ဘီးလင်းမြို့၊ ဘိုးလှကြီး ရပ်ကွက်၊ သကြားစက်ရုံနှင့် အရပ်ချက်စက်ရုံအကြား ရန်ကုန်- မော်လမြိုင်ကားလမ်း မိုင်တိုင်(၁၂၆/၄) နှင့် (၁၂၆/၅)အကြား လမ်းမပေါ်တွင် ရေအလျားပေ (၈၅၀) ၊ ရေအမြင့်(၂)ပေ၊ (၆)လက်မခန့်၊ ဒေါင့်ရပ်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင် ကားလမ်းမိုင်တိုင် (၁၂၇/၇)နှင့် (၁၂၈/၀)အကြား ကားလမ်းမပေါ်သို့ ရေအလျား ပေ(၄၀၀)၊ ရေအမြင့် (၁၈) လက်မနှင့် ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၂၉/၂)ရှိ မစောတံတား အနီးတွင် ရေအလျား ပေ(၁၀၀)၊ ရေအမြင့်(၃)ပေခန့်တို့မှာ ရေလွှမ်းမိုးမှုဖြစ်ပွားနေပါ၍ သထုံခရိုင်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာ (ဘီးလင်း-သထုံနယ်စပ်) ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ်၊ (၁၃၁/၆) နှင့် (၁၃၂/၇) အကြား ကျုံအိတ်တံတားထိပ်မှ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာထိ မော်တော်ယာဉ်ကြီး/ငယ် (၂၅၀)စီးခန့်တို့အား (၀၆၀၀) အချိန်ခန့်မှစ၍ ဖြတ်သန်းသွားလာခွင့် မပြုဘဲ ယာယီပိတ်ပင်ထားခဲ့ရာမှ   ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၀)ရက် (၀၅၃၀) အချိန်တွင် ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်သို့ ရေလျှံနေမှုမှာ ပြန်လည်ကျဆင်းသွားသည့်အတွက် မော်တော်ယာဉ်များ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနေပြီးဖြစ်ပါကြောင်း သိရှိရပါသည်။

You may also like