Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း- မွန်ပြည်နယ် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းအား ကွင်းဆင်းကြီးကြပ် ကြည့်ရှု စစ်ဆေးခြင်း အခမ်းအနား တက်​ရောက်၊ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲများနှင့် မတော်သဓာဇတ်တော်ကြီး ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင် အသင်းသူ /အသင်းသားများ ၊ အုပ်ချုပ်ထူအဖွဲ့သားများအား လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆို

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း- မွန်ပြည်နယ် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းအား ကွင်းဆင်းကြီးကြပ် ကြည့်ရှု စစ်ဆေးခြင်း အခမ်းအနား တက်​ရောက်၊ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲများနှင့် မတော်သဓာဇတ်တော်ကြီး ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင် အသင်းသူ /အသင်းသားများ ၊ အုပ်ချုပ်ထူအဖွဲ့သားများအား လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆို

by Mon Editor

မော်လမြိုင်၊ နိုဝင်ဘာ ၁
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်​နေ့မှစတင်၍ တစ်နိုင်ံလုံးအတိုင်းအတာ​ဖြင့် တိုင်း​ဒေသကြီး၊ ပြည်နယ်များတွင် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းကို ​ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းအား ကွင်းဆင်းကြီးကြပ် ကြည့်ရှု စစ်ဆေးခြင်း အခမ်းအနားကို ယ​နေ့နံနက်ပိုင်းက ​ချောင်းဆုံမြို့နယ်၊ ဘိုးနက်ကျေးရွာတွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း၊ ပြည်နယ််ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ စာရင်း​ကောက်အဖွဲ့များ၊ ​မွေးမြူ​ရေးလုပ်ငန်း ​ဆောင်ရွက်သူများ တက်​​ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးနှင့် ​မွေးမြူ​ရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သည့် ပြည်နယ်တစ်ခုဖြစ်သည်နှင့်အညီ ပြည်တွင်း စားနပ်ရိက္ခာဖူမှုရှိ​စေလုံရေးအတွက် စိုက်ပျိုုး​ရေးလုပ်ငန်းအပြင် ​မွေးမြူ​ရေးလုပ်ငန်းများကိုလည်း ပိုမိုဖွံ့ဖြိုးတိုးတက်​စေ​​ရေး အထူး​အ​လေးထား​ဆောင်ရွက်လျက်ရှိပါ​ကြောင်း၊ မွေးမြူရေးလုပ်ငန်းများ၏ လုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မွန်ပြည်နယ်အ​နေဖြင့် မြို့နယ်အသီးသီးရှိ ရပ်ကွက် ရပ်ကွက်၊ ​ကျေးရွာ စုစု​ပေါင်း (၁၁၀) တွင် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းအား ​ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခု​ချောင်းဆုံမြို့နယ်တွင် စာရင်း​ကောက်ယူသွားမည်ဖြစ်​ကြောင်း၊ စာရင်းကောက်အဖွဲ့များအ​နေဖြင့် သတ်မှတ်ထားသော ပုံစံများတွင် ပါရှိတဲ့အချက်အလက်များအား အိမ်ထောင်စု များကို စနစ်တကျ သေချာမေးမြန်း ဖြည့်စွက်ပေးရန် လိုအပ်ပါသလို မြို့နယ်များလည်းမှ mobile phone ဖြင့် တိကျခိုင်မာသည့် အချက်အလက်များ မှန်ကန်စွာ ဖြည့်စွက်​ပေးကြရန်လို​ကြောင်း၊ တိရစ္ဆာန်ကောင်ရေစာရင်းဇယားများ မှန်ကန်ရေးသည် စာရင်းကောက်တွေအပေါ်မှာ အဓိက မူတည်၍ စာရင်းကောက်များဟာ မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာန၊ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် ပူး​ပေါင်းချိန်ဆက် ​ဆောင်ရွက်သွားကြရန်နှင့် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျ မွေးမြူရေးလုပ်ငန်းများ​ဆောင််ရွက်နိုင်ရေး အသိပညာပေးဆောင်ရွက်ခြင်း၊ ခေတ်မီ ​​မွေးမြူ​ရေး နည်းစနစ်များဖြင့် စနစ်တကျအောင်မြင်စွာ မွေးမြူနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်​ပေးကြရန်ဖြင့် လမ်းညွှန်ကြားခဲ့သည်။
ဆက်လက်ပြီး မွန်ပြည်နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ​ဒေါက်တာနီနီ​မော်မှ ​ချောင်းဆုံမြို့နယ်အပါအဝင် အခြားမြို့နယ်များ၌ တိရစ္ဆာန် ကောင်ရေစာရင်းကောက်ယူခြင်းနှင့် ပတ်သက်၍ ရှင်းလင်တင်ပြခဲ့သည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်က ​ချောင်းဆုံမြို့နယ််၊ ဘိုးနက်​ကျေးရွာတွင် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူ​နေမှု အ​ခြေအ​နေများအား ကြည့်ရှုစစ်​ဆေးခဲ့ပြီး လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း ​ဆောင်ရွက်​ပေးခဲ့သည်။
(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲများနှင့် မ​ဟော်သဓာဇတ်တော်ကြီး ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင် အသင်းသူ /အသင်းသားများ ၊ အုပ်ချုပ်သူအဖွဲ့သားများအား ယ​နေ့ည​နေပိုင်းက သံလွင်တံတား (​မော်လမြိုင်) တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း၊ အ​ရှေ့​တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ​ကျောင်းသူ၊ ​ကျောင်းသား၊ မွန်ပြည်နယ်သူ၊ ပြည်နယ်သူ၊ ပြည်နယ်သားများက ​အောင်သ​ပြေခက်နှင့် ဂုဏ်ပြုပန်းခြင်းများဖြင့် လှိုက်လှဲဝမ်း​မြောက်စွာစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
အဲဒီ​နောက် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲများနှင့် မ​ဟော်သဓာဇတ်တော်ကြီး ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင် အသင်းသူ /အသင်းသားများ ၊ အုပ်ချုပ်သူအဖွဲ့သားများအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်ပြည်နယ်၀န်ကြီးများတက်​​ရောက်၍ ပြည်နယ်ဝန်ကြီးချုပ်က (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲများနှင့် မ​ဟော်သဓာဇတ်တော်ကြီး ပြိုင်ပွဲတွင် ပထဆု (​ရွှေတံဆိပ်ဆု) များ ရရှိသည့် အတွက် အထူးဝမ်း​မြောက်ဂုဏ်ယူမိပါ​ကြောင်း၊ ထို့အပြင် ​အနုပညာ အရည်အချင်းများဖြင့်
ကြိုးစားအားထုတ် ယှဉ်ပြိုင်ခဲ့ကြ၍ ယခုလို ရွှေတံဆိပ်၊ ​ငွေတံဆိပ်၊ ​ကြေးတံဆိပ်ဆုများကို မွန်ပြည်နယ်အတွက် ပြည်နယ်ဂုဏ်​ဆောင်စွာထိုက်ထိုက်တန်တန် ရရှိခဲ့​ခြင်းဖြစ်ကြောင်း၊ မြန်မာတို့ရဲ့ ရိုးရာ ယဉ်ကျေးမှု အနုပညာရပ်များကို ယခုလိုပြိုင်ပွဲများ ကျင်းပပေး၍ စောင့်ရှောက်မြှင့်တင်ပေးခြင်းအားဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုးရဲ့ အမျိုးသားရေး ဂုဏ်သိက္ခာကို အမျိုးသားယဉ်ကျေးမှုနဲ့ ယှဉ်တွဲပြီး မြင့်မားထည်ဝါ စေရအောင် စွမ်းဆောင်မြှင့်တင်ပေးခြင်း ဖြစ်ပြီး အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ခြင်းအားဖြင့် မြန်မာလူမျိုးတို့ရဲ့ အမျိုးသားရေး စရိုက်လက္ခဏာများ၊ အမျိုးသားယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများ၊ အမျိုးသားရေးစံနှုန်းများနဲ့  ပိုမိုအားပြည့် ခိုင်မာစေရအောင် အနုပညာစွမ်းပကားဖြင့် ​နောင်နှစ်ပြိုင်ပွဲများမှာလည်း မွန်ပြည်နယ်၏ ဂုဏ်ကို ​မြှင့်တင် စွမ်း​ဆောင််ပေးကြပါရန်ဖြင့် ဂုဏ်ပြုအမှာစကား ​ပြောကြားခဲ့သည်။
အဲဒီ​နောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး ဆုရပြိုင်ပွဲဝင်များက ပြည်နယ်ဝန်ကြီချုပ်အား ဂါရပပြုကန်​တော့ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွင်ဝင်များအား ရင်းရင်းနှီးနှီး ဂုဏ်ပြုအား​ပေး နှုတ်ဆက်ခဲ့​ကြောင်း သိရှိရသည်။

You may also like