Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​​အောင်ကြည်သိန်း-၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း) ပထမနှစ်သင်တန်းများသို့ တက်ရောက်ကြမည့် မွန်ပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူများအား ဩဝါဒခံယူပွဲ အခမ်းအနား တက်​ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​​အောင်ကြည်သိန်း-၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း) ပထမနှစ်သင်တန်းများသို့ တက်ရောက်ကြမည့် မွန်ပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူများအား ဩဝါဒခံယူပွဲ အခမ်းအနား တက်​ရောက်

by Mon Editor

မော်လမြိုင်၊ နိုဝင်ဘာ ၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း) ပထမနှစ်သင်တန်းများသို့ တက်ရောက်ကြမည့် မွန်ပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူများမှ ဩဝါဒခံယူပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂ ရက်​နေ့၊ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​​အောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ​ကျောင်းသူ၊ ​​ကျောင်းသားများ တက်​ရောက်သည်။
​ရှေးဦးစွာ သင်တန်းသို့ တက်​ရောက်ကြမည့် ​ကျောင်းသူ၊ ​ကျောင်းသား လေးများမှ တစ်ဦးချင်းစီ မိတ်ဆက်ဂါရဝပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူငယ်များ၏ အသိပညာ၊ အတတ်ပညာများ တတ်မြောက်ပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအ​လေးထား ဆောင်ရွက်ပေးလျက်ရှိ​ပါကြောင်း၊ တိုင်းရင်းသားများရဲ့ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်ရှေးရှုပြီး ကောင်းမြတ်တဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်ထားတဲ့ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ၊ လူငယ်များဖွံ့ဖြိုးရေးနှင့် စွမ်းရည်ဖွံ့ဖြိုးရေး တက္ကသိုလ်၊ ဒီကရီ​ကောလိပ်များမှာ ​တက်​ရောက်ပညာသင်ကြားခွင့် ရရှိသည့်အတွက် များစွာဂုဏ်ယူဝမ်း​မြောက်ပါ​ကြောင်း၊ သင်တန်းများမှာလည်း ကြိုးစားရင် ကြိုးစား သလို ထူးချွန်သူများကို မဟာဘွဲ့၊ ပါရဂူဘွဲ့များ ရရှိတဲ့အထိ နိုင်ငံတော်က တာဝန်ယူ သင်ကြားပေးသွားမှာ ဖြစ်သလို နေစရိတ်၊ စားစရိတ်၊ ပညာသင်စရိတ် အခမဲ့ဖြင့် ပြုစု၊ ပျိုးထောင်၊ပညာသင်ကြားပေးသွားမှာ ဖြစ်​ကာ သင်တန်းဆင်၍ ဘွဲ့ရပြီးပါက နိုင်ငံဝန်ထမ်းများအ​ဖြင့် တာဝန်ထမ်း​ဆောင်နိုင်​ရေး ​ဆောင်ရွက်​ပေးသွားမည်ဖြစ်​ကြောင်း၊ ယခုတက်​ရောက်ပညာသင်ကြမည့် ​မောင်တို့၊ မယ်တို့အ​နေဖြင့် ခေတ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်နေတဲ့ ပညာရပ်များကို စဉ်ဆက် မပြတ် လေ့လာဆည်းပူးပြီး မိမိတို့၏ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိစွာ သယ်ပိုးထမ်း​ဆောင်ကြရန်၊ အသိပညာ၊ တီထွင်နိုင်စွမ်းရှိသောအတတ်ပညာ များကို ကြိုးစားသင်ယူ၍ သွားကြပါရန်နှင့် မိမိတို့ နိုင်ငံတော်ကြီးကို ပြန်လည် အလုပ်အကျွေးပြုနိုင်တဲ့ သားကောင်း၊ သမီးမွန်များဖြစ်အောင် အစွမ်းကုန် ကြိုးစားသွားကြရန် တိုက်တွန်းလို​ပါကြောင်းဖြင့် ဩဝါဒ အမှာစကား​ပြောကြားသည်။
ထို့​နောက် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က သင်တန်းသား ရွေးချယ်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေများ ​ပေးအပ်ခဲ့ကာ ​ကျောင်းသူ၊ ​ကျောင်းသားများကို ရင်းရင်းနှီးနှီး လိုက်လံအား​ပေးနှုတ်ဆက်ခဲ့​ကြောင်းသိရှိရသည်။

You may also like