Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​​အောင်ကြည်သိန်း မွန်ပြည်နယ်၊ ၂၀၂၃ – ၂၀၂၄ ခုနှစ်၊ လျာထားသီးနှံများ၏ စိုက်ဧက ပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်​ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​​အောင်ကြည်သိန်း မွန်ပြည်နယ်၊ ၂၀၂၃ – ၂၀၂၄ ခုနှစ်၊ လျာထားသီးနှံများ၏ စိုက်ဧက ပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်​ရောက်

by Mon Editor

မော်လမြိုင်၊ နိုဝင်ဘာ ၃
မွန်ပြည်နယ်၊ ၂၀၂၃ – ၂၀၂၄ ခုနှစ်၊ လျာထားသီးနှံများ၏ စိုက်ဧက ပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၃ ရက်​နေ့၊ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​​အောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများတက်​ရောက်သည်။
အစည်းအ​ဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အ​နေဖြင့် ဒေသတွင်း စာနပ်ရိက္ခာဖူလုံမှုရှိ​စေရန်အတွက် ဆန်စပါးစိုက်ပျိုးခြင်းအပြင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်​ရေးနှင့် တောင်သူများ ရေ၊ မြေ၊ ဒေသနှင့်ကိုက်ညီပြီး သီးနှံအထွက်နှုန်း ​ကောင်းမွန်သည့် မျိုးကောင်း မျိုးသန့်များနှင့် ​မြေဩဇာများရရှိနိုင်ရေးတို့ကို ​ဦးစား​ပေးကဏ္ဍအ​နေဖြင့် အထူးအ​လေးထား ဆောင်ရွက်​လျက်ရှိပါ​ကြောင်း၊ နိုင်ငံ​တော်မှ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်​ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံ၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိမှုရှိ/မရှိ၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်မှု ရှိ/မရှိ ချိန်ထိုးသုံး သပ်ဆောင်ရွက်ကြည့်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” “Keep Moving Forward To Achieve Our Goal” ဆိုသည့်အတိုင်း နိုင်ငံစီးပွား တိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူဆောင်ရွက်နေသည့်လုပ်ငန်းများ အောင်မြင်စေရန်အတွက် မရရအောင် လုပ်မည်ဆိုသည့်စိတ်မွေး၍ ဆောင်ရွက်သွားမည်ဆိုပါက မျှော်မှန်းသည်ထက် ပိုမိုတိုးတက်အောင်မြင်နိုင် မည်ဖြစ်ကြောင်းဖြင့် လမ်းညွှန်မှာကြားထားပါ​ကြောင်း၊ ပြည်နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်ကြရန်လိုအပ်သလို စိုက်ပျိုး​​ရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ထွက်ကုန်များ ထုပ်လုပ်၍ ပြည်ပအစားထိုးသွင်းကုန်များကို  မိမိနိုင်ငံအတွင်း၌ အရည်အသွေးမီ ထုတ်လုပ်ပြီး ထုတ်ကုန်အရည်အသွေး မြင့်မားလာခြင်းဖြင့် ဈေးကွက်ပိုမိုရရှိလာ​စေ​မှာ ဖြစ်​ကြောင်း၊ တောင်သူများအတွက် ဘက်စုံနည်းပညာသုံး စံပြစိုက်ကွက်များ ဖော်ဆောင်၍ စိုက်ပျိုးသည့် နည်းစနစ်များ၊ သွင်းအားစုများကိုလည်း ​အဖက်ဖက်မှ ထောက်ပံ့​ဆောင်ရွ​က်​​ပေးလျက်ရှိပြီး စိုက်ပျိုး​ရေးရရှိ​ရေးအတွက် နည်းလမ်း​ပေါင်းစုံမှ ​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း၊ ​တောင်သူများအား မျိုးမှန်၊ ​မြေမှန်၊ ​​ရေမှန်၊ စိုက်နည်းမှန် နည်းစနစ်​ကောင်းများနှင့် လယ်ယာသုံးစက်ကရိယာများ ကူညီ​ဆောင်ရွက်​ပေးကြရန်နှင့် တောင်သူများအ​နေ့ဖြင့်လည်း လျာထားသီးနှံများ၏ စိုက်ဧကများ ပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိ​ရေး စိုက်ပျိုးကြရန်နှင့် စပါး၊ ဆီထွက်သီးနှင့် အခြားနှစ်ရှည်သီးနှံများအား ယခုနှစ်ထက် နောင်နှစ်များတွင်လည်း ပိုမိုစိုက်ပျိုးသွားကြရန် လိုအပ်​ကြောင်းဖြင့် အမှာစကား​ပြောကြားသည်။
ဆက်လက်ပြီး ပြည်နယ်လုံခြုံ​ရေးနှင့် နယ်စပ်​ရေးရာဝန်ကြီး၊ ပြည်နယ်စီးပွား​ရေးရာဝန်ကြီး၊ အစိုးရအဖွဲ့အတွင်း​ရေးမှူးတို့က မွန်ပြည်နယ်အတွင်း ၂၀၂၃ – ၂၀၂၄ ခုနှစ်၊ လျာထားသီးနှံများ၏ စိုက်ဧက ပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး ​​ဆောင်ရွက်ရမည့် အစီအအစဉ်များနှင့်ပတ်သက်၍ ​ဆွေး​နွေးတင််ပြခဲ့ကြပြ​ခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပြည်နယ်အတွင်း စိုက်ဧကများ ပြည့်မီစွာ စိုက်ပျိုးနိုင်​ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ​ဆောင်ရွက်ထားရှိမှု အ​ခြေအ​နေများအား လည်း​ကောင်း၊ ရွှေဇီဝသဘာဝဇီဝမြေဩဇာစက်ရုံ၊ တာဝန်ခံမှ စိုက်ပျိုး​ရေးလုပ်ငန်းများအတွက် ​လိုအပ်သည့် မြေဩ​ဇာများ ရရှိနိုင်​ရေးနှင့် ​မြေဩဇာများကို စနစ်တကျအသုံးပြုနိုင်​ရေး ဆောင်ရွက်ထားရှိမှု အ​ခြေအ​နေများအား လည်း​ကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး တက်​ရောက်လာသူများမှ အ​ထွေ​ထွေ​ဆွေး​နွေးတင်ပြ၍ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်​အကြံပြု​ ဆွေး​နွေးတင်ပြခဲ့ကြမှုအ​ပေါ် ပြည်နယ်ဝန်ကြီးချုပ်က ​လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား​ပြောကြားခဲ့​ကြောင်း သိရှိရသည်။

You may also like