Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​​အောင်ကြည်သိန်း- မဟာမြတ်မုနိဘုရားကြီး ဦးသျှောင်မကိုဋ်တော်အား ရွှေစင်၊ ရွှေသား၊ ရွှေပန်းခက် ထုဆစ်ခြင်း(ဗုဒ္ဓပူဇာ) မင်္ဂလာနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် အလှူတော်မင်္ဂလာ ​ရေစက်ချ အခမ်းအနား၊ (၃၅) နှစ်မြောက် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနနှစ်ပတ်လည်‌နေ့ အထိမ်းအမှတ် မွန်ပြည်နယ် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား တက်​ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​​အောင်ကြည်သိန်း- မဟာမြတ်မုနိဘုရားကြီး ဦးသျှောင်မကိုဋ်တော်အား ရွှေစင်၊ ရွှေသား၊ ရွှေပန်းခက် ထုဆစ်ခြင်း(ဗုဒ္ဓပူဇာ) မင်္ဂလာနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် အလှူတော်မင်္ဂလာ ​ရေစက်ချ အခမ်းအနား၊ (၃၅) နှစ်မြောက် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနနှစ်ပတ်လည်‌နေ့ အထိမ်းအမှတ် မွန်ပြည်နယ် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား တက်​ရောက်

by Mon Editor

မော်လမြိုင်၊ နိုဝင်ဘာ ၅
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ နာဂဝီသတောင်ရိုးတန်းတွင် တင့်တယ်သပ္ပါယ်စွာပွင့်ထွန်း တည်ထားကိုးကွယ်​တော်မူခဲ့သော မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ဘုရားကြီး၏ ဦးသျှောင်မကိုဋ်တော်အား ရွှေစင်၊ ရွှေသား၊ ရွှေပန်းခက် ထုဆစ်ခြင်း(ဗုဒ္ဓပူဇာ) မင်္ဂလာနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် အလှူတော်မင်္ဂလာ ​ရေစက်ချ အခမ်းအနားကို နိုဝင်ဘာလ ၅ ရက်​နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ​ရှေးဦးစွာမွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်းနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်​တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများက မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ဘုရားကြီးဖူး​မြော်ကြည်ညိုခဲ့ကြသည်။
ဆက်လက်ပြီး  ဩဝါဒ ဆရာ​တော်ကြီးများမှ ဦးစီးအမှူးပြု၍ မဟာမြတ်မုနိဘုရားကြီး၏ ဦးသျှောင်မကိုဋ်တော်အား ဗုဒ္ဓဘိသေက အနေကဇာတင်လှူပူ​ဇော်ခဲ့သည်။
အဲဒီ​နောက်  မဟာမြတ်မုနိဘုရားကြီး ဦးသျှောင်မကိုဋ်တော်အား ရွှေစင်၊ ရွှေသား၊ ရွှေပန်းခက် ထုဆစ်ခြင်း(ဗုဒ္ဓပူဇာ) မင်္ဂလာနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် အလှူတော်မင်္ဂလာ ​ရေစက်ချ အခမ်းအနား မဟာမြတ်မုနိဘုရားကြီးဝင်းအတွင်းရှိ သုခချမ်းသာ ​ကျောင်း​ဆောင်​တော်ကြီး၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ မော်လမြိုင်မြို့၊ ဝဲပျံကျောင်းတိုက်ကြီး၏ ဦးစီပဓာန နာယကဆရာတော် သာသနဓဇဓမ္မာစရိယ၊ မဟာဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တ နန္ဒဝံသ ဆရာတော်ကြီးထံ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီး ဆရာ​တော်၊ သံဃာ​တော် ဆရာ​တော်အရှင်သူမြတ်ထံမှ မေတ္တာသုတ် အစရှိ​သော ပရိတ်တော်များ နာယူကြည်ညိုခဲ့ကြသည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်​တော် တရားကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဆရာ​တော်အရှင်သူများထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှု အစုစုအတွက် အနုမောဒနာ တရားနာယူ ကြည်ညို၍ ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြကာ ဆရာ​တော်အရှင်သူမြတ်များအား ​နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
၂၀၂၃ ခုနှစ်၊ နို၀င်ဘာလ(၇)ရက်နေ့ တွင် ကျ‌ရောက်မည့် ပြည်ထဲရေး၀န်ကြီးဌာန၊ အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၏ (၃၅) နှစ်မြောက် နှစ်ပတ် လည်‌နေ့ အထိမ်းအမှတ် မွန်ပြည်နယ် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယ​နေ့နံနက်ပိုင်းက၊ မော်လမြိုင်မြို့၊ ရွှေတောင်ကျောင်းတိုက်ကြီး၊ ဓမ္မာရုံ​တော်၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ပြည်နယ်ဝန်ကြီးချုပ်က ရွှေတောင်ကျောင်းတိုက်ကြီး၏ ဦးစီး ပဓါနနာယက ဆရာ​တော် ဘဝိမလ (အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဓဇ၊ ဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ)ထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မွန်ပြည်နယ် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်​ရေးမှူးနှင့်  ဝန်ထမ်းများက ဆရာ​တော်အရှင်သူမြတ်များအား ​နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့​​ကြကြောင်း သိရှိရသည်။

You may also like