Home ကျန်းမာရေး ပြည်သူ့အကျိုးပြု စု​ပေါင်းသန့်ရှင်း​ရေး ​ဆောင်ရွက်​နေမှုကို ကြည့်ရှုအား​ပေး၊ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနား၊ မွန်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ (၂/ ၂ဝ၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေး

ပြည်သူ့အကျိုးပြု စု​ပေါင်းသန့်ရှင်း​ရေး ​ဆောင်ရွက်​နေမှုကို ကြည့်ရှုအား​ပေး၊ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနား၊ မွန်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ (၂/ ၂ဝ၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေး

by Mon Media

မွန်ပြည်နယ်အတွင်း မြို့ပြသွင်ပြင်လက္ခဏာ​ပေါ်လွင်​စေ​ရေးနှင့် မြို့သန့်ရှင်းသာယာလှပ​စေ​ရေး ​အ​လေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ၂၀၂၂ ခုနှစ်၊ ​အောက်တိုဘာလ ၃၁ ရက်​နေ့၊ နံနက်ပိုင်းက ​​မော်လမြိုင်မြို့၊ ကမ်းနားလမ်းတစ်​လျှောက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုတို့ကို ကြည့်ရှုအား​ပေးသည်။
ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယ​နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်​ခြေနီအဖွဲ့များ၊ အရပ်ဘက် လူမှုကယ်ဆယ်​ရေးအဖွဲ့များ၊ သင်တန်းသူ၊ သင်တန်းသားများ တက်​ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် သဘာဝဘေးအန္တရာယ်များနှင့် အခြားဘေးအန္တရာယ်များ ဖြစ်ပွားသည်နှင့်တပြိုင်နက် ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းများကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အချိန်နှင့်တစ်​ပြေးညီ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ခဲ့​ကြောင်း၊ ဘေးအန္တရာယ် မကျ​ရောက်ခင် ကြိုတင်ပြင်ဆင်ခြင်း၊ လေ့ကျင့်ခြင်း​တွေကို စဉ်ဆက်မပြတ်ဆောင်ရွက်ကြရာမှာ ဖြစ်သလလို ဖြစ်ပွားလာပါကလည်း အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ဆုံးရှုံးမှု နည်းပါးသည်ထက် နည်းပါးစွာ ဆောင်ရွက်ခြင်းဖြင့် ပြည်သူများရဲ့ အသက်အိုးအိမ်းစည်းစိမ်​တွေကို ကာကွယ်​စောင့်​ရှောက်ကြရမှာ ဖြစ်​ကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာ လုပ်ငန်းများကို မျက်ခြေမပြတ် လေ့လာဆည်းပူးသင်ကြားပြီး ရရှိလာတဲ့ လုပ်ငန်း​အ​တွေ့အကြုံ၊ ဗဟုသုတများကို အ​ခြေခံကာ မိမိတို့ရပ်ရွာ​ဒေသအတွက် ပြန်လည်အသုံးချဖို့၊ ကိုယ်စွမ်းညာဏ်စွမ်းရှိသမျှ ကာကွယ်ကူညီ​စောင့်​ရှောက်ဖို့၊ ပြည်သူများယုံကြည်အားထားရတဲ့ စွမ်း​ဆောင်ရည်ပြည့်ဝသူများဖြစ်​စေဖို့ တိုက်တွန်းလို​ကြောင်းဖြင့် အမှာစကား ​ပြောကြားခဲ့သည်။
ထို့​နောက် ပြည်နယ်ဝန်ကြီးချုပ်မှ သင်တန်းဆင်းလက်မှတ်များ ​ပေးအပ်ခဲ့ပြီး ရှာ​ဖွေကယ်ဆယ်​ရေးလုပ်ငန်းများ​ ဆောင်ရွက်ချက် ဗီဒီယိုမှတ်တမ်းအား ပြသခဲ့မှုအ​ပေါ် ကြည့်ရှုအား​ပေးခဲ့သည်။
မွန်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ (၂/ ၂ဝ၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယ​နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​အောင်ဆန်းခန်းမ၌ ကျင်းပပြုရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဝင်များ တက်​ရောက်သည်။
အစည်းအ​ဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ယာဉ်မတော်တဆ ထိခိုက်မှုအန္တရာယ်ကြောင့် အသက်ဆုံးရှုံးမှုများ၊ ဒဏ်ရာရမှုများ၊ ယာဉ်ကြောင့်ဖြစ်ပေါ်သော သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများနှင့် ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပွား​စေ​ရေးအတွက် အထူးအ​လေးထား ​ဆောင်ရွက်သွားကြရမည်ဖြစ်​ကြောင်း၊ လမ်းညွှန် အမှတ်အသားများ စနစ်တကျရှိစေရေးနှင့် သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ကြ​စေရေး ထိန်းသိမ်းကြပ်မတ်ရန် လိုကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့အဆင့်ဆင့်မှ ယာဉ်တိုက်ခိုက်မှုလျော့နည်းကျဆင်းလာစေ​ရေးအတွက် ကြိုတင်ကာကွယ်ခြင်း၊ အသိပညာ​ပေးခြင်း၊ စစ်​ဆေးအ​ရေးယူခြင်းများကို ဆက်စပ်ဌာနများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူး​ပေါင်းပြီး အရှိန်အဟုန် မြင့်တင်​ဆောင်ရွက်ကြရန် လို​ကြောင်း၊ ယာဉ်မ​တော်တဆဖြစ်စဉ်များ​ပေါ်မူတည်၍ ​မော်​တော်ယာဉ်အားနည်းမှု၊ မဆင်မခြင် ​မောင်းနှင်မှု၊ လမ်းအ​ခြေအ​နေ ချို့ယွင်းမှု အစရှိသည်ဖြင့် ​ဖြေရှင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို ​ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းစီများအတိုင်း ထိ​ရောက်​အောင်မြင်​အောင်စွာ ​အားလုံးဝိုင်းဝန်းပူး​ပေါင်း ဆောင်ရွက်ကြရန် မှာကြားသည်။
အဲဒီ​နောက် တက်​ရောက်လာသူများမှ ပြည်နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ​ဆောင်ရွင်ထားရှိမှု အ​ခြေအ​နေများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာ​ပေးခြင်းနှင့် အ​ရေးယူ ​ဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြမှုအ​ပေါ် ပြည်နယ်ဝန်းကြီးများမှ ဖြည့်ဆွက်​ဆွေး​နွေး တင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်​ပေးခဲ့သည်။

You may also like